ထိုင်းနှင့်မ​လေးရှား ဝန်ကြီးချုပ်တို့နှစ်နိုင်ငံနယ်စပ်တွင် ​တွေ့ဆုံ​ဆွေးနွေး

0
203

ထိုင်းဝန်ကြီးချုပ် ဆရီသာ နှင့် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်တို့သည် နှစ်နိုင်ငံနယ်စပ် ထိုင်းဖက်ခြမ်းတွင် တွေ့ဆုံခဲ့ကြသည်။

တနင်္လာနေ့က ထိုင်းဖက်ရှိ Songkhla ပြည်နယ် Sa Dao အကောက်ခွန်ဌာနတွင် နယ်စပ်ကုန်သွယ်မှု မြှင့်တင်ရေး ဆွေးနွေးခဲ့ကြသည်။ Sa Dao နယ်စပ်ဖြတ်သန်းခွင့်​ပေးမည့်ဂိတ်သစ်သို့လည်း သွားရောက်ခဲ့ကြသည်။

ဝန်ကြီးချုပ်နှစ်ဦးသည်နှစ်နိုင်ငံနယ်စပ်ကုန်သွယ်​ရေး၊ခရီးသွားကဏ္ဍ၊စိုက်ပျိုး​ရေးနှင့်လုံခြုံ​ရေးကိစ္စရပ်များတွင် ပူး​ပေါင်း​ဆောင်ရွက်မည့် လုပ်ငန်းအဖွဲ့များဖွဲ့စည်းရန်သ​ဘောတူညီခဲ့ကြသည်။

Ref: Khaosod


LEAVE A REPLY

Please enter your comment!
Please enter your name here