ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်း ဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေးခရီး လည်ပတ်ရန် တရုတ်ရေတပ်မှ စစ်ရေယာဉ်များ ရန်ကုန်မြိုသို့ ရောက်ရှိ

0
271

ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်း ဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေးခရီး လည်ပတ်ရန် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်(ရေ)မှ စစ်ရေယာဉ်များ ရန်ကုန်မြို့သို့ နိုဝင်ဘာ (၂၇)ရက်၊ နေ့လယ်ပိုင်းက ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာကြောင်း သိရသည်။

ထိုသို့ရောက်ရှိလာရာ တပ်မတော်ရေမှ အရာရှိကြီးများ အရာရှိ စစ်သည်များ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၊ စစ်သံရုံးနှင့် တာဝန်ရှိသူများ၊မြန်မာနိုင်ငံ တရုတ်ကုန်သည်များ အ သင်းနှင့် တရုတ် – မြန်မာ ဗုဒ္ဓဘာသာအသင်းတို့မှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ စစ်ရေယာဉ်များမှ စီနီယာ ကပ်ပတိန် ဦးစီး၍ အရာရှိ စစ်သည် (၇၀၀) ဦးခန့် လိုက်ပါလာပြီး ရန်ကုန်မြို့ရှိ အထင်ကရ နေရာများသို့ လေ့လာကြမည်ဖြစ်ပြီး နှစ်နိုင်ငံချစ်ကြည်ရေး အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here