မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ၏ ၃ရက်တာ တန်ဆောင်တိုင်ပွဲ

0
209

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို နိုဝင်ဘာ (၂၅) ရက်မှ (၂၇) ရက်အထိ ကျင်းပပြုလုပ်လျက်ရှိပြီး ပွဲတော်ကာလအတွင်း ဆီမီး (၉၀၀၀) ကပ်လှူပူဇော်ခြင်း၊ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ခြင်း၊ ဝတ်အသင်းအဖွဲ့များမှ ဝတ်ရွတ်စဉ်များဖြင့်ပူဇော်ခြင်း၊ မီးရှူးမီးပန်းများပစ်လွှတ်ပူဇော်ခြင်း၊ အလှညမီးကြီးနှင့် စိန်နားပန်မီးပုံပျံကြီးများ လွှတ်တင်ပူဇော်ခြင်း၊ ပထမအကြိမ် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ကပ်လှူပူဇော်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ တန်ဆောင်တိုင်လပြည့်နေညပိုင်းတွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွင် ကျင်းပသည့် တန်ဆောင်တိုင် မီးထွန်းပွဲနှင့် မီးပုံးပျံလွှတ်တင်ပွဲကျင်းပရာသို့ နစက ဥက္ကဋ္ဌနှင့် ဇနီးတို့ တက်ရောက်အားပေးကြည့်ရှုခဲ့ကြောင်း သိရသည်။

တာဝန်ရှိသူများလည်း တက်ရောက်ကြခဲ့ကြသလို ဘုရားဖူး ဧည့်ပရိသတ်များလည်း များပြားစွာ လာရောက်ကြ‌ကြောင်း သိရသည်။

ရှေးဦးစွာ နစက ဥက္ကဋ္ဌနှင့် ဇနီးတို့နှင့် ဘုရားဖူးဧည့်သည်များသည် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား မီးရှူးမီးပန်းများဖြင့် ပစ်ဖောက်ပူဇော်မှုနှင့် မီးပုံးပျံများ လွှတ်တင်မှုများကို ကြည့်ရှု အားပေးပြီးနောက်ဆီမီး (၉၀၀၀) ကို အများနှင့်အတူ ဆက်ကပ်ပူဇော်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် နစက ဥက္ကဋ္ဌနှင့် ဇနီးတို့သည် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား ပထမအကြိမ် မသိုးရွှေကြာသင်္ကန်းတော်ရက်လုပ်ပူဇော်ပွဲတွင်ပါဝင်ခဲ့ကြသည့် ရက္ကန်းအဖွဲ့ (၉) ဖွဲ့ကို ချီးမြှင့်ငွေများ ပေးအပ်ချီးမြင့်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here