ရန်ကုန်တိုင်း‌အတွင်း လဝက်ခန့် မြူထူထပ်နိုင်ဟု မိုးဇလ အသိပေး

0
186

ရန်ကုန်တိုင်း‌အတွင်း ဒီဇင်ဘာလ နံနက်ပိုင်းအချိန်များတွင် (၅)ရက်မှ (၁၅)ရက်အထိ မြူထူထပ်နိုင်ကြောင်းမိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ တွင် အသိပေးကြေညာထားသည်။

မိုးဇလ ၏ အသိပေးကြေညာချက်တွင် နေပြည်တော်အပါအဝင် စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် (၅)ရက်မှ (၁၅)ရက်ခန့် နံနက်ပိုင်းအချိန်များ၌ မြူထူများဆိုင်းနိုင်ကြောင်း ဖော်ပြထားသည်။

အလားတူ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၁၆) ရက်မှ (၂၅)ရက်ခန့် မြူထူများဆိုင်းနိုင်ကြောင်း ဆိုသည်။

ညအပူချိန်များအနေဖြင့် ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒီဇင်ဘာလ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်သည်ဟု အသိပေးထားသည်။

ထို့အပြင် နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း ၊ ပဲခူးတိုင်း၊ ဧရာ၀တီတိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ဒီဇင်ဘာလ ပျမ်းမျှအပူချိန်၏ (၁ ဒဿမ ၅)ဒီဂရီစင်တီဂရိတ်နှင့်အထက် ပိုနိုင်ကြောင်း သိရသည်။

မိုးဇလ၏ အသိပေးချက်တွင် တစ်ဆက်တည်းမိုးရွာသွန်းနိုင်မှု အခြေအနေကိုဖော်ပြထားပြီး၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်သည်ဟုဆိုသည်။

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၄)ရက်မှ (၇)ရက်ခန့်မိုးထစ်ချုန်းရွာနိုင်ပြီး၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် (၁)ရက်မှ (၃)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here