တရုတ် ရေခဲဥယျာဉ် ဒီဇင်ဘာလလယ်တွင် ဖွင့်လှစ်နိုင်မည်

0
270

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေလုံကျန်းပြည်နယ်တွင် နှစ်စဉ်ဖွင့်လှစ်မြဲဖြစ်သော ရေခဲဥယျာဉ်ကို ယခုနှစ်အတွက် ပြန်လည်တည်ဆောက်လျှက်ရှိရာ ယခင်နှစ်များနှင့်နှိုင်းယှဉ်ပါက ယခုနှစ်တွင် သတ်မှတ်ချိန်ထက် တစ်ပတ်ထက်စောပြီး ဒီဇင်ဘာလလယ်တွင် ဖွင့်လှစ်နိုင်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။

စုစုပေါင်း ကုဗမီတာ တစ်သိန်းရှိ ရေခဲတုံးများကို ဟာပင်း ရေခဲပြင်နှင့် နှင်းကမ္ဘာ တည်ဆောက်မှုအတွက် အသုံးပြုတည်ဆောက်ထားခြင်းဖြစ်သည်။

“ကုဗမီတာ တစ်သိန်းရှိတဲ့ရေခဲတုံးတွေဟာ အကြီးဆုံး လူလုပ်ရေခဲဥယျာဉ်အဖြစ် စံချိန်သစ်တင်နိုင်သည်” ဟု ဟာပင်း ရေခဲပြင်နှင့် နှင်းကမ္ဘာ မှ ဝန်ထမ်းတစ်ဦးကပြောသည်။

လူလုပ်ရေခဲများတွင် လေပူဖောင်းများ မကြာခဏ ပါရှိပြီး ထွင်းထုရန် ခိုင်ခံ့မှုမရှိသောကြောင့် အဆိုပါ ရေခဲဥယျာဉ်အတွက် ရေခဲတုံးများကို ဟေလုံကျန်းပြည်နယ် ဟာပင်းမြို့ကိုဖြတ်၍ ဖြတ်သန်းစီးဆင်းသည့် အေးခဲ ဆွန်ဟွာမြစ်မှ ယူဆောင်လာခြင်းဖြစ်သည်။

လာမည့်နှစ် ရေခဲဥယျာဉ်ဆောက်လုပ်ရေးအတွက် ရေခဲစုဆောင်းရာသီတွင် အရည်အသွေးမြင့် ရေခဲတုံးများကို ရွေးချယ်သိမ်းဆည်းခြင်းသည်လည်း အစဉ်အလာတစ်ခုဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here