‌ဇနီးသည်ရဲ့အောက်မေ့ဖွယ် အခမ်းအနားကို သမ္မတဟောင်း ဂျင်မီကာတာ တက်ရောက်

0
219
Former US President Jimmy Carter arrives for a tribute service for former US First Lady Rosalynn Carter, at Glenn Memorial Church in Atlanta, Georgia, on November 28, 2023. (Photo by ANDREW CABALLERO-REYNOLDS / AFP)

ဂျော်ဂျီယာပြည်နယ်မှာ ပြုလုပ်တဲ့ ဇနီးဖြစ်သူ ရိုဆလင်းကာတာအတွက် အောက်မေ့ဂုဏ်ပြု အခမ်းအနားကို အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ တက်ရောက်ခဲ့တယ်လို့သိရပါတယ်။

ဒါဟာ လွန်ခဲ့တဲ့ (၁၀) လခန့်က ဆေးရုံတက်ရောက်ခဲ့ပြီးနောက်ပိုင်း သမ္မတဟောင်းကို လူမြင်ကွင်းမှာ ရှားရှားပါးပါး ပြန်မြင်ရတာဖြစ်ပါတယ်။

အသက် (၉၉) နှစ်အရွယ် မစ္စတာ ကာတာဟာ အခမ်းအနားကို ဝှီးချဲနဲ့အနက်ရောင်ဝတ်စုံဝတ်ကာ တက်ရောက်ခဲ့ပြီး သူ့ဘေးတစ်ဖက်တစ်ချက် သားသမီးလေးဦး ခြံရံလိုက်ပါလာခဲ့တာတွေ့ရသလို အခမ်းအနားကို သမ္မတဂျိုးဘိုင်ဒန်လည်း တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

အသက် (၉၆) နှစ်အရွယ် ရိုဆလင်းကာတာဟာ ယခုလအတွင်း ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ၁၉၇၇ ခုနှစ်ကနေ ၁၉၈၁ ခုနှစ်အထိ သမ္မတ တာဝန်ထမ်းဆောင်ခဲ့တဲ့ မစ္စတာ ကာတာနဲ့ သူမတို့ရဲ့အိမ်ထောင်သက်တမ်းဟာ (၇၇) နှစ် ရှိခဲ့ပြီဖြစ်ပြီး ဒါဟာ အခြား သမ္မတစုံတွဲတွေအားလုံးထက် ရှည်ကြာတဲ့ အိမ်ထောင်သက်လို့ သိရပါတယ်။

သမ္မတကတော်ဟောင်းရဲ့ အောက်မေ့ဂုဏ်ပြု အခမ်းအနားကို သမ္မတဟောင်း ဘီလ် ကလင်တန် အပါအဝင် သြဇာအကြီးဆုံး နိုင်ငံရေးသမားအချို့တက်ရောက်ခဲ့ကြသလို သမ္မတကတော် ဂျေးလ် ဘိုင်ဒင်နဲ့ သက်ရှိထင်ရှား သမ္မတက တော်ဟောင်းတွေဖြစ်တဲ့ မယ်လန်နာ ထရန့်၊ မီရှဲလ် အိုဘားမား၊ လော်ရာ ဘုရှ်၊ ဟီလာရီ ကလင်တန်တို့လည်း တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

Ref:BBC


LEAVE A REPLY

Please enter your comment!
Please enter your name here