မြန်မာနိုင်ငံကို တရုတ်ခရီးသွားများ ပိုမိုစိတ်ဝင်စားလာစေရန် Fam Trip လုပ်ဆောင်ရန် စီစဉ်နေ

0
126

မြန်မာနိုင်ငံကို တရုတ်ခရီးသွားများ ပိုမိုစိတ်ဝင်စားစေရန်အတွက် ရင်းနှီးကျွမ်းဝင်မှု ဆိုင်ရာခရီးစဉ် (Familiarization Trip – Fam Trip) ပြုလုပ်ရန် စီစဉ်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက သိရသည်။

အဆိုပါ Fam Trip အတွင်း တရုတ်နိုင်ငံရှိ မီဒီယာများ၊ Influencer များ၊ Blogger များ၊ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများ ပါဝင်မည်ဖြစ်ကြောင်း ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇေယျာမျိုးအောင်က ပြောသည်။

Familiarization Trip – Fam Trip ဖိတ်ခေါ်ရာတွင် လူဦးရေ (၄၀) လာရောက်မည်ဟု ခန့်မှန်းထားပြီး လာမည့်နှစ် ဇန်နဝါရီလတွင် စတင်နိုင်မည်ဟု မျှော်မှန်းထားကြောင်းလည်း ၎င်းက ရှင်းပြသည်။

“မြန်မာပြည်အပေါ် အမြင်လွဲမှားနေတာတွေ ဘယ်လောက်ထိ ကောင်းသွားမလဲဆိုရင် အတိုင်းအတာတစ်ခုအထိ ကောင်းသွားမယ်လို့ ယူဆပါတယ်”ဟု ဦးဇေယျာမျိုးအောင်က ပြောသည်။

ခရီးစဉ်၏ ရည်မှန်းချက်မှာ ရန်ကုန်၊ ပုဂံ၊ မန္တလေး စသည်ဖြင့် ပုံမှန်ခရီးစဉ်နေရာများကို သွားလာနိုင်ကြောင်း အခြေအနေကို ဖော်ပြလိုခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ဘက်က ဖိတ်တာပါ။ တကယ်တမ်းတော့ လာကြည့်ကြ၊ ကိုယ့်ဘာသာ လာကြည့်ကြ။ ဒီလိုသဘောပေါ့။ ကျန်တဲ့သူတွေလည်း လာလို့ ရတယ်”ဟု ဦးဇေယျာမျိုးအောင်၏ ပြောပြချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here