မြန်မာ ယူ – ၁၅ လိဂ်ပြိုင်ပွဲတွင် ရှမ်း(တောင်) အသင်းနှင့် ရခိုင် ယူနိုက်တက်တို့ ချန်ပီယံလုကြမည်

0
265

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ ကူညီပံ့ပိုးမူဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) မှ ပထမဆုံးအကြိမ်အဖြစ် ကြီးမှူးကျင်းပသည့် မြန်မာ ယူ – ၁၅ လိဂ်ပြိုင်ပွဲတွင် ရှမ်း (တောင်) အသင်းနှင့် ရခိုင်ယူနိုက်တက်တို့ ချန်ပီယံလုကြမည်ဖြစ်ကြောင်း သိရသည်။

FIFA-MFF U15 Youth League 2023 (မြန်မာ ယူ – ၁၅ လိဂ်) ပြိုင်ပွဲကို ဇွန်လ (၂၄) ရက်မှစတင်ကာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ မန္တလေးမြို့(အထက်မြန်မာပြည်ဇုန်)နှင့် ရန်ကုန်မြို့ (အောက်မြန်မာပြည်ဇုန်)တို့တွင် ကျင်းပခဲ့ကာ ပြိုင်ပွဲဝင် အသင်းပေါင်း (၂၁) သင်း ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။

ထိုသို့ယှဥ်ပြိုင်ကစားခဲ့ရာ အထက်မြန်မာပြည် ချန်ပီယံအသင်းအဖြစ် ရှမ်း(တောင်) အသင်းနှင့် အောက်မြန်မာပြည် ချန်ပီယံအသင်းအဖြစ် ရခိုင်ယူနိုက်တက်အသင်းတို့ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အသင်းနှစ်သင်း၏ FIFA-MFF U15 Youth League မြန်မာပြည် ချန်ပီယံလုပွဲကို လာမည့် ဒီဇင်ဘာ (၁၁) ရက် ညနေ (၅) နာရီတွင် သုဝဏ္ဏအားကစားကွင်း၌ ကျင်းပသွားမည်ဖြစ်ပြီး တိုက်ရိုက်ပြသမည့် ရုပ်သံလိုင်းကို ထပ်မံကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ ယူ – ၁၅ လိဂ်သည် မြန်မာ့လက်ရွေးစင် အသင်းများနှင့် ပရော်ဖက်ရှင်နယ်လိဂ် ကလပ်အသင်းများအတွက် မျိုးဆက်သစ်ကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ကျင်းပသည့် လူငယ်လိဂ်တစ်ခုလည်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here