ယာဉ်အစီးရေ ငါးသောင်း အဝါရောင်စတေကာတပ်ဆင်ပြီးဖြစ်

0
255

မတပ်ပါက ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ (၃၁) ရက် ကျော်လျှင် အရေးယူမည်

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် City Taxi ယာဉ်များအား အဝါရောင်ဘေးစတေကာ တပ်ဆင်ရန် ညွှန်ကြားထားရာ လက်ရှိတွင် ယာဉ်အစီးရေ (၅၀၀၀၀) အထိ တပ်ပြီးပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC) မှ သိရသည်။

အဆိုပါ အဝါရောင်ဘေးစတေကာတပ်ဆင်ပြီးစီးသွားသည့်ယာဉ်အစီးရေ ငါးသောင်းမှာ ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် ယာဉ်များ၏ ၈၀ ရာခိုင်နှုန်းကျော်ဖြစ်ကြောင်း သိရသည်။

“အခုကတော့ တော်တော်များများ ကပ်ပြီးပြီ။ အစီးရေ ခြောက်သောင်းမှာ ‌ငါးသောင်းလောက်ရှိပြီ”ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

အဆိုပါ အဝါရောင် ဘေးစတေကာ ကပ်သည့် လုပ်ငန်းကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ (၁) ရက်မှ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ (၃၁) ရက်အထိ ပညာပေးကာလ သတ်မှတ်ထားပြီး ယင်းကာလ ကျော်လွန်ပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းပြေးဆွဲနေသည့် City Taxi ယာဉ်အစီးရေ ခြောက်သောင်းဝန်းကျင်ရှိပြီး အဝါရောင်စတေကာတပ်ဆင်ရန် ယာဉ်အစီးရေတစ်သောင်းကျော်ကျန်ရှိနေသေးကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here