လူ (၈) ဦးပါ အမေရိကန်စစ်တပ် လေယာဉ်တစ်စင်း ဂျပန်ကမ်းလွန်တွင် ပျက်ကျ

0
188

လူ (၈) ဦးလိုက်ပါသွားတဲ့ အမေရိကန်စစ်တပ် အော့စ်ပရေး လေယာဉ်တစ်စင်းဟာ ဂျပန်နိုင်ငံအနောက်ပိုင်း ကျွန်းတစ်ခုအနီးမှာ ဒီကနေ့ နိုဝင်ဘာ ၂၉ ရက် ဗုဒ္ဓဟူးနေ့က ပျက်ကျသွားခဲ့တယ်လို့ ဂျပန်ကမ်းခြေစောင့်တပ်က ပြောဆိုပါတယ်။

ယာကူရှီမာကျွန်း ကမ်းလွန်ရှိ အခင်းဖြစ်ရေပြင်ဆီ ကင်းလှည့်ရေယာဉ်တွေနဲ့ လေယာဉ်တစ်စင်း စေလွှတ်ထားတယ်လို့ ကမ်းခြေစောင့်တပ် ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောဆိုခဲ့ပါတယ်။

သို့ပေမယ့် ယာဉ်ပေါ်ပါသူတွေရဲ့ ရာထူးအဆင့်အတန်းအပါအဝင် လေယာဉ်ပျက်ကျရခြင်းရဲ့အခြေအနေအသေးစိတ်ကို ပြောပြခဲ့ခြင်းမရှိပါဘူး။

လေယာဉ်ပျက်ကျရခြင်းနဲ့ပတ်သက်လို့မိမိတို့အနေနဲ့ သတင်း အချက်အလက်တွေ စုစည်းနေဆဲဖြစ်တယ်လို့ ဒေသတွင်းရှိ အမေရိကန်စစ်တပ် ပြောရေးဆိုခွင့်ရှိသူကလည်း ပြောဆိုခဲ့ပါတယ်။

လေယာဉ်ဟာ ကျွန်းရှိလေဆိပ်အနီး ရေပြင်မှာ ဒေသစံတော်ချိန် ညနေ (၃) နာရီ နီးပါးလောက်က ပျက်ကျသွားတာဖြစ်ကြောင်းနဲ့ မျက်မြင်တွေ့သူတွေရဲ့အပြောအရ လေယာဉ် ဝဲဘက်အင်ဂျင် မီးစွဲလောင်နေပုံရကြောင်း သိရတယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောဆိုပါတယ်။

လေယာဉ်ဟာ ဒေသစံတော်ချိန် (၂) နာရီ (၄၀) မိနစ်လောက်မှာ ရေဒါကနေ ပျောက်ကွယ်သွားတာဖြစ်တယ် ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် ဟီရာကာဇူ မတ်ဆူနိုက ပြောဆိုခဲ့ပါတယ်။

လွန်ခဲ့တဲ့ သြဂုတ်လအတွင်းကလည်း ပုံမှန်စစ်ရေးလေ့ကျင့်မှု အစီအစဉ်တစ်ခုအတွင်း တပ်ဖွဲ့ဝင်တွေ သယ်ယူပို့ဆောင်ပေးနေတဲ့ အမေရိကန် အော့စ်ပရေး လေယာဉ်တစ်စင်းဟာ သြစတြေးလျမြောက်ပိုင်း ကမ်းလွန်မှာ ပျက်ကျမှုဖြစ်ခဲ့ပြီး အမေရိကန် မရိန်းစစ်သည် သုံးဦး ‌ေ-သဆုံးခဲ့ပါတယ်။

Ref:CNA


LEAVE A REPLY

Please enter your comment!
Please enter your name here