MFF Rhino Futsal Championship 2023 ပြိုင်ပွဲတွင် လက်ရှိချန်ပီယံ VUC ထပ်မံဗိုလ်ဆွဲ

0
311

MFF Rhino Futsal Championship 2023 ပြိုင်ပွဲ၏ ဖိုင်နယ်ပွဲစဥ်များနှင့် တတိယနေရာလုပွဲစဥ်များကို ယနေ့ နိုဝင်ဘာလ (၂၉) ရက်က ကျင်းပခဲ့ကြောင်း သိရသည်။

ဖိုင်နယ် ပွဲစဉ်အဖြစ် လက်ရှိချန်ပီယံ VUC FC နှင့် မန္တလေးအခြေစိုက် Generations FC တို့ ယှဥ်ပြိုင်ကစားရာ VUC FC က ၂ ဂိုး ၁ ဂိုးရလဒ်၊ တတိယနေရာလုပွဲစဥ်အဖြစ် MIU FC နှင့် M- Million FC တို့ ယှဥ်ပြိုင်ကစားရာ MIU က ၄ ဂိုး ဂိုးမရှိဖြင့် ရလဒ်တို့ဖြင့် ပွဲပြီးဆုံးသွားခဲ့သည်။

ထို့ကြောင့် မြန်မာဖူဆယ်ဘောလုံးလောက၏ နာမည်ကြီးအသင်းတစ်သင်းဖြစ်သော VUC FC က ထပ်မံဗိုလ်ဆွဲသွားပြီး မန္တလေးအခြေစိုက် Generations FC က ဒုတိယ နှင့် MIU FC တို့က တတိယဆုရရှိခဲ့ကြောင်း သိရသည်။

Photo – MFF Futsal


LEAVE A REPLY

Please enter your comment!
Please enter your name here