ကြံကြိတ်ရာသီရောက်ရှိလာသဖြင့် ကြံတစ်တန်လျှင် ကျပ်တစ်သိန်းခွဲ ပေါက်ဈေးရှိနေ

0
383

ကြံကြိတ်ရာသီရောက်ရှိလာသဖြင့် ကြံတစ်တန်လျှင် ကျပ်တစ်သိန်းခွဲ ပေါက်ဈေးရှိနေကြောင်း ကြံလုပ်ငန်းရှင်များထံမှ သိရသည်။

ပြည်တွင်းသကြားစက်ရုံများအနေဖြင့် ကြံကြိတ်ရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် ကြံတစ်တန်လျှင် ကျပ်(၁၅၀,၀၀၀)ဖြင့် ပေးဝယ်နေကြကြောင်း ၎င်းက ဆိုသည်။

နှစ်စဉ်ပြည်တွင်း၌ သကြားစက်ရုံများ ကြံကြိတ်သည့်ကာလမှာ နိုဝင်ဘာလ နောက်ဆုံးအပတ်မှ ဧပြီလအထိဖြစ်ပြီး၊ တစ်နိုင်ငံလုံးတွင် သကြားစက်ရုံပေါင်း (၂၄)ကျော်ရှိကြောင်း သိရသည်။

အဆိုပါ သကြားစက်ရုံများက ထွက်ရှိလာသည့် သကြားများကို ပြည်တွင်း စားသုံးမှုဖူလုံစေရန် အဓိကထားဖြန့်ဖြူးပေးခြင်းဖြစ်ပြီး ပိုလျှံနေသည့်သကြားများကို ဗီယက်နမ်နိုင်ငံကို ဦးစားပေးတင်ပို့နေခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိ ပြည်တွင်း၌ စုစုပေါင်းကြံစိုက်ဧက (၄၅၀,၀၀၀) ဝန်းကျင်ရှိပြီး၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၌ အများဆုံးစိုက်ပျိုးပြီး ပဲခူးတိုင်း၌ ဒုတိယအများဆုံးစိုက်ပျိုးကာ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အနည်းငယ် စိုက်ပျိုးမှုရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here