နစက အဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်က မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

0
168

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်းတို့သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr,Vinay Kumar အား ယမန်နေ့ နိုဝင်ဘာ (၂၉)ရက် မွန်းလွဲပိုင်းအချိန်၌ လက်ခံတွေ့ဆုံခဲ့ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင် အိန္ဒိယနိုင်ငံတို့အကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင်ဆောင်ရွက်သွားရန်၊ နှစ်နိုင်ငံနယ်စပ်ရှိ လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရန်ကိစ္စရပ်များနှင့် တပ်မတော်နှစ်ရပ်အကြား
လေ့ကျင့်ရေးဆိုင်ရာ ကိစ္စိရပ်များကိုတွေ့ဆုံဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်ဝန်ကြီးနှင့်တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here