မနက်ဖြန် ဒီဇင်ဘာ (၁)ရက်နေ့၌ ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းအတွင်းမြန်မာနေရှင်နယ်လိဂ်-၂၀၂၃ ပြိုင်ပွဲကိုပွဲစဉ် (၂၁)အဖြစ် ကစားမည်ဖြစ်ရာ၊ ပွဲစဉ်တလျှောက် အဆင့်(၂)နေရာတွင်ရပ်တည်နေသော ရန်ကုန်ယူနိုက်တက် (YUFC)အသင်းနှင့် အဆင့်(၅)နေရာတွင် ရပ်တည်နေသော အား/ကာသိပ္ပံအသင်း(ISPE)တို့ ပွဲဦးထွက် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ရန်ကုန်ယူနိုက်တက်အသင်းအနေဖြင့် ပွဲစဉ်(၂၀)တွင် ဟံသာဝတီယူနိုက်တက်အသင်းအား( ၂-၁ )ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး၊ ရမှတ်စုစုပေါင်း (၄၇)မှတ်ဖြင့် ရပ်တည်နေသော အသင်းတစ်သင်းဖြစ်သည်။
YUFC အသင်းအနေဖြင့် ပွဲစဉ်(၂၀)တွင် ဟံသာဝတီအသင်းနှင့်ကစားအပြီး ရမှတ်(၃)မှတ် ထပ်တိုးခဲ့သည်။
အလားတူ ISPE အသင်းအနေဖြင့်လည်း ပွဲစဉ်(၂၀ )တွင် ရတနာပုံအသင်းအား (၁-၁)ဂိုး ဖြင့် သရေကစားခဲ့ကာ ရမှတ်စုစုပေါင်း(၂၆)ဖြင့် ရပ်တည်နေသည်။
မြန်မာနေရှင်နယ်လိဂ် -၂၀၂၃ ပြိုင်ပွဲတွင် အသင်းပေါင်း (၁၂) ယှဉ်ပြိုင်ကစားလျှက်ရှိရာ၊ ရှမ်းယူနိုက်တက်အသင်းက ရမှတ်(၅၃)မှတ်ဖြင့် ထိပ်ဆုံးအသင်းနေရာ၌ ရပ်တည်လျက်ရှိသည်။