ထိုင်းဘုရင့်ဖလား ဗိုလ်လုပွဲတွင် ကယန်းလက်ဝှေ့မယ် ဘရော်နီကာ နှင့် မွေထိုင်းလက်ဝှေ့မယ် မကျေပွဲ ယှဉ်ပြိုင်ထိုးသ-တ်မည်

0
288

ထိုင်းဘုရင့်ဖလားခါးပတ် ဗိုလ်လုပွဲတွင် ကယန်းလက်ဝှေ့မယ် ဘရော်နီကာ နှင့် မွေထိုင်းလက်ဝှေ့မယ်တို့ မကျေပွဲ ထပ်မံယှဉ်ပြိုင်ထိုးသ-တ်သွားရန်ရှိကြောင်း လက်ဝှေ့အသိုင်းအဝိုင်းထံက သိရသည်။

ဗိုလ်လုပွဲကို ဒီဇင်ဘာ(၂၃)ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး၊ ‌အောက်တိုဘာ (၃၀) ရက်က ထိုးသ-တ်ခဲ့သော မွေထိုင်းလက်ဝှေ့မယ်ဖြင့် ထိုးသ-တ်မည်ဖြစ်ကာ၊ ယင်းပွဲစဉ်တွင် သုံးချီ ဒိုင်ပွဲရပ်ဖြင့် ဘရော်နီကာက အနိုင်ရရှိထားသည်။

ပြီးခဲ့သော နိုဝင်ဘာ (၂၆)ရက်ကလည်းဘရော်နီကာသည် အီရန်နိုင်ငံသူ ဇာရာရှိုကူဟီ (Zahra Shoko)နှင့် ယှဉ်ပြိုင်ထိုးသ-တ်ရာ အနိုင်ရရှိထားသည်။

ဘရော်နီကာသည် လာမည့် ၂၀၂၄ခုနှစ်အတွင်း One Championship သို့ သွားရောက်ကစားရန် ဆန္ဒရှိနေပြီး၊ လက်ရှိ Thai Fight ပွဲစဉ်များတွင်(၁၅) ပွဲဆက်အနိုင်ယူထားကာ ပြိုင်ဘက်ကင်းလက်ဝှေ့မယ် တစ်ဦးဖြစ်နေသည်။

ဘရော်နီကာအနေဖြင့် Thai Fight ဖြင့် စာချုပ်သက်တမ်းချုပ်ဆိုထားမှုမှာ တစ်နှစ်ဝန်းကျင်သာ ကျန်ရှိပြီး၊ စာချုပ်သက်တမ်းကုန်ပါက One ဖြင့် လက်တွဲသွားရန်ရှိနေကြောင်းနှင့် One ဘက်ကလည်း ခေါ်ယူရန် ဆန္ဒရှိနေကြောင်း လက်ဝှေ့အသိုင်းအဝိုင်းက သုံးသပ် ပြောဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here