၁၀၅ မိုင် ကုန်သွယ်ရေးဇုန်သို့သွားသည့် ကယ်ဆယ်ရေးယာဉ်တန်း ‌ေ-သနတ်ဖြင့် အပစ်ခံရပြီး ယာဉ်အကူနှင့် စစ်ရှောင်အချို့ ဒဏ်ရာရ

0
212

၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် တိုက်ပွဲအကြား ပိတ်မိနေသည့် ပြည်သူများကို ကူညီကယ်ထုတ်ရန်သွားသည့် ကယ်ဆယ်ရေး ယာဉ်တန်းအား လမ်းခုလတ်တွင် ‌ေ-သနတ်ဖြင့် ပစ်ခတ်ခံရသည့်အတွက် အရပ်သားအချို့ ‌ေ-သနတ်မှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

မူဆယ်အခြေစိုက် ပရဟိတအသင်းများစုပေါင်းကာ ယနေ့ နိုဝင်ဘာ (၃၀) ရက် နံနက်အစောပိုင်းက စတင်ကာ ပိတ်မိနေသည့် ပြည်သူများအား သွားရောက်ကယ်ထုတ်နေခြင်း ဖြစ်သည်။

နံနက် (၈) နာရီဝန်းကျင်မှ စတင်ကာ သွားရောက်ကယ်ထုတ်နေခြင်းဖြစ်ပြီး တတိယမြောက် အခေါက်တွင် ကယ်ဆယ်ရေး ယာဉ်တန်းမှ ပရဟိတယာဉ်တစ်စီး ‌ေ-သနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်ပြီး ခေါင်းခန်းတွင် လိုက်ပါလာသည့် ယာဉ်အကူ(၁) ဦး ယာဉ်နှင့် လိုက်ပါလာသည့် စစ်ဘေးရှောင် ပြည်သူ (၂) ဦးနှင့် အနီးရှိ ဆီဆိုင်မှ ဝန်ထမ်းအမျိုးသမီး (၁)ဦး တို့ ကျည်ထိမှန် ဒဏ်ရာများရခဲ့ကြောင်း မူဆယ်အခြေစိုက် ကမ်းလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ နံနက်ပိုင်းတွင် ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

” အောက်တုံခံ နတ်စင်ကွေ့ ဆီဆိုင်နားမှာ အပစ်ခံရတာပါ။ လမ်းဘေးမှာ အမျိုးသမီး အလေ-ာင်းတစ်လေ-ာင်းတွေ့လို့ ပြန်လှည့်တင်တဲ့အချိန် လှမ်းပစ်တာ။ စုစုပေါင်း (၄) ယောက်ထိပါတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး” ဟု ၎င်းက ပြောသည်။

အဆိုပါ ပစ်ခတ်မှုမှာ ပေ (၁၀၀) ဝန်းကျင်အကွာမှု အနီးကပ် ပစ်ခတ်မှုဖြစ်ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုဖြစ်ကြောင်း သိရသည်။

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီးတွင် ပြီးခဲ့သည့် ရက်ပိုင်းမှ စတင်ကာ မြန်မာ့တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့များ တိုက်ပွဲပြင်းထန်နေပြီး ပြည်သူထောင်နှင့်ချီကာ ပိတ်မိနေခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ပိတ်မိနေသည့် ပြည်သူများကို ယနေ့ နံနက် (၈) နာရီဝန်းကျင်မှ စတင်ကာ သွားရောက်ကယ်ထုတ်ပေးနေပြီး လက်ရှိအချိန်ထိ ပိတ်မိနေသည့် ပြည်သူ (၄၀၀) ဝန်းကျင်ကို ကယ်ထုတ်ထားနိုင်ပြီး လက်ရှိတွင် ပစ်ခတ်မှုများ ရှိနေသည့်အတွက် ကယ်ဆယ်ရေးလုပ်ငန်းများကို ရပ်နားထားရကြောင်း အဆိုပါအသင်းထံမှ သိရသည်။

ကယ်ဆယ်ရေး သွားရောက်သည့် ပရဟိတယာဉ်တန်းတွင်း အရေးပေါ်လူနာတင်ယာဉ်များနှင့် အသင်းပိုင် လူတင်ယာဉ်များကို အသင်းအမှတ်အသားများ တပ်ဆင်ကာ အရေးပေါ် အချက်ပြမီးတန်းများလည်း တပ်ဆင်ထားသည့်အပြင် ကယ်ဆယ်ရေး အမှတ်အသား အလံဖြူထောင်၍ သွားခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီး၌ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် အရပ်သားပြည်သူ (၆) ဦးထက်မနည်း ‌ေ-သဆုံးကာ (၁၅) ဦးထက်မနည်း ဒဏ်ရာရရှိထားသည့်အပြင် အရပ်သားပြည်သူ ထောင်နှင့် ပိတ်မိနေကြောင်း သိရသည်။

ဓာတ်ပံ – ကမ်းလက်ကူညီ ပရဟိတအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here