အစ္စရေးနှင့်ဟားမတ်စ်တို့၏အပစ်အခတ်ရပ်စဲရေးအား နိုဝင်ဘာ ၃၀ အထိတစ်ရက်ထပ်မံသက်တမ်းတိုး

0
129

ဂါဇာ၊တယ်လဗီ/နိုဝင်ဘာ ၃၀

အစ္စရေးနှင့်ဟားမတ်စ်တို့သည် နှစ်ဖက်သဘောတူညီထားသည့် လေးရက်တာအပစ်အခတ်ရပ်စဲရေးအား နှစ်ရက်သက်တမ်းတိုးပြီးနောက် ယခုအခါ နောက်တစ်ရက်ထပ်မံသက်တမ်းတိုးပြီး ခုနစ်ရက်မြောက်ခဲ့ပြီဖြစ်ကြောင်းသိရသည်။

အောက်တိုဘာ ၇ ရက်က ဟားမတ်စ်အဖွဲ့၏စတင်တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသည့်နှစ်ဖက်ပဋိပက္ခအတွင်း လူပေါင်းထောင်သောင်းချီ‌ေ-သဆုံးကာ ဓ-ါးစာခံများလည်းဖမ်းဆီးခံထားရာမှ ယခုအပစ်အခတ်ရပ်စဲထားသည့်ကာလအတွင်း ဓ-ါးစာခံများအပါအဝင် အစ္စရေးဖမ်းထားသည့်ပါလက်စတိုင်းအကျဉ်းသားများကိုပါဖလှယ်ခဲ့ကြပြီး ဂါဇာကမ်းမြောင်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအထောက်အကူများကိုလည်းဝင်ခွင့်ပြုခဲ့သည်။

အရှေ့အလယ်ပိုင်းအရေးစတင်ကတည်းက တတိယအကြိမ်အဖြစ် အစ္စရေးသို့ရောက်ရှိနေသည့်အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်ကလည်း ယခုအပစ်အခတ်ရပ်စဲရေး၏ရလဒ်သည်ကျေနပ်ဖွယ်ရှိပြီး အပစ်အခတ်ရပ်စဲရေးအား ဆက်လက်ဖော်ဆောင်သွားနိုင်ရန်မျှော်လင့်ကြောင်းလည်းပြောကြားခဲ့သည်။

ဂါဇာဒေသခံများနှင့်အပြစ်မဲ့ပြည်သူများ၏အသက်အိုးအိမ်စည်းစိမ်ကိုငဲ့ညှာကာ နှစ်ဖက်စလုံးအပစ်အခတ်ရပ်စဲရေးအား အပြည့်အဝအကောင်အထည်ဖော်ရန် ကုလအတွင်းရေးမှူးချုပ် ဂူတားရက်စ်ကတိုက်တွန်းခဲ့သော်လည်း အစ္စရေးဘက်မှပယ်ချခဲ့သည်။

အပစ်အခတ်ရပ်စဲရေးသက်တမ်းတိုးပြီးမကြာမီပင် ဂျေရုဆလင်သို့အဝင်ရှိ ဘက်စ်ကားဂိတ်တွင် ပါလက်စတိုင်းနှစ်ဦး၏ပစ်ခတ်မှုကြောင့် အနည်းဆုံးလူသုံးဦး‌ေ-သဆုံးခဲ့ရသည်။

၎င်းလူနှစ်ဦးသည် ဟားမတ်စ်အဖွဲ့ဝင်များဖြစ်ကြောင်း ဟားမတ်စ်တို့ကဆိုခဲ့သော်လည်း ယခုကဲ့သို့လုပ်ရန်တိုက်ရိုက်ညွှန်ကြားခဲ့ခြင်းမျိုးမရှိဟုပြောကြားခဲ့သည်။

Source : ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here