အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများကြောင့် ထိုင်ဝမ်နိုင်ငံသားများကို တရုတ်သို့သွားခြင်းမှ ရှောင်ကြဉ်ရန် တိုက်တွန်းထား

0
226

တိုင်ပေ၊နိုဝင်ဘာ ၃၀

တရုတ်နိုင်ငံ၌လတ်တလောဖြစ်ပေါ်လျက်ရှိသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါကြောင့် သက်ကြီးရွယ်အိုများ၊ကလေးသူငယ်များနှင့်နဂိုကျန်းမာရေးအခံမကောင်းသူများကိုတရုတ်နိုင်ငံသို့ခရီးသွားခြင်းမှရှောင်ကြဉ်သင့်သည်ဟု ထိုင်ဝမ်ကျန်းမာရေးဝန်ကြီးဌာနကတိုက်တွန်းခဲ့သည်။

တရုတ်နိုင်ငံ၌ဖြစ်ပေါ်လျက်ရှိသည့် အဆိုပါအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၏အခြေအနေအသေးစိတ်အား တင်ပြရန်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တရုတ်အစိုးရအား တောင်းဆိုထားကြောင်းသိရသည်။

သို့သော် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးကမူ ယခုဖြစ်ပေါ်နေသောရောဂါသည် ကိုဗစ်ကဲ့သို့ဖြစ်ပွားနှုန်းမမြင့်သလို ပုံမှန်မဟုတ်သည့် ရောဂါအသစ်များကိုလည်းမတွေ့ရှိရကြောင်းပြောကြားခဲ့သည်။

သို့သော်ထိုင်ဝမ်အစိုးရကမူ ၎င်းနိုင်ငံသားများအနေဖြင့် အရေးတကြီးကိစ္စမရှိဘဲမလိုအပ်လျှင် တရုတ်ပြည်မသို့ခရီးမသွားရန်နှင့် ဟောင်ကောင်နှင့်မကာအိုတို့သို့လည်း မလိုအပ်ဘဲမသွားရန်တိုက်တွန်းခဲ့သည်။ အကယ်၍ မဖြစ်မနေသွားရမည်ဆိုပါက တုပ်ကွေးနှင့်ကိုဗစ်ကာကွယ်ဆေးကို ထိုးနှံသွားသင့်သည်ဟုလည်းဆိုခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိကမူ တရုတ်နိုင်ငံ၌လက်ရှိဖြစ်ပေါ်နေသော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါသည် သာမန်သာဖြစ်ပြီး တရုတ်အစိုးရအနေဖြင့်လည်း ထိထိမိမိကိုင်တွယ်ထိန်းချုပ်ထားနိုင်သည်ဟုသာပြောကြားခဲ့သည်။

Source : ရိုက်တာ/ဇက်အယ်လ်


LEAVE A REPLY

Please enter your comment!
Please enter your name here