အိန္ဒိယ၏သက်တမ်းအကြာဆုံးလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် UNLF ငြိမ်းချမ်းရေးသဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့

0
196

နူးဒေလီ၊နိုဝင်ဘာ ၂၉

မဏိပူရ်အခြေစိုက် သက်တမ်းအကြာဆုံးလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် ပြည်ထောင်စုအမျိုးသားလွတ်မြောက်ရေးတပ်ဦး (UNLF) သည် အကြမ်းဖက်မှုလုပ်ရပ်များကိုရပ်တန့်ကာ ငြိမ်းချမ်းရေးဖော်ဆောင်သွားတော့မည်ဖြစ်သဖြင့် အစိုးရနှင့်ငြိမ်းချမ်းရေးသဘောတူညီချက်အား နူးဒေလီ၌လက်မှတ်ရေးထိုးခဲ့သည်ဟုသိရသည်။

ဝန်ကြီးချုပ်မိုဒီအစိုးရ၏ ထာဝရငြိမ်းချမ်းရေးရရှိရန် မဆုတ်မနစ်ကြိုးစားခဲ့ခြင်း၏ အောင်မြင်မှုတစ်ရပ်အနေဖြင့် ယခုကဲ့သို့ ငြိမ်းချမ်းရေးစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း ပြည်ထဲရေးဝန်ကြီး အာမစ်ရှား ကပြောကြားခဲ့သည်။

“မဏိပူရ်အခြေစိုက်သက်တမ်းအကြာဆုံးလက်နက်ကိုင်အဖွဲ့ UNLF ရဲ့ ပင်မအစိုးရနဲ့ပူးပေါင်းဖို့ ငြိမ်းချမ်းရေးသဘောတူညီချက်လက်မှတ်ရေးထိုးခြင်းကိုကြိုဆိုပါတယ်၊အဖွဲ့ကို ဒီမိုကရေစီလုပ်ငန်းစဉ်တွေကနေကြိုဆိုပြီး ငြိမ်းချမ်းရေးနဲ့တိုးတက်မှုလမ်းကြောင်းမှာ အကောင်းဆုံးလျှောက်လှမ်းနိုင်ဖို့လည်းဆုတောင်းပေးပါတယ်” ဟု ၎င်းကဆိုခဲ့သည်။

၁၉၆၄ ခုနှစ် နိုဝင်ဘာ ၂၄ ရက်တွင် Areambam Samrendra Singh ၏လက်အောက်၌ စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည့် UNLF သည် မဏိပူရ်ပြည်နယ်အရှေ့မြောက်ပိုင်းတွင် အခြေစိုက်သည့် ရှေးအကျဆုံးနှင့်သက်တမ်းအကြာဆုံးလက်နက်ကိုင်တပ်ဖွဲ့တစ်ခုလည်းဖြစ်သည်။

ယင်းနောက် ၁၉၇၀ ပြည့်နှစ်နှင့် ၁၉၈၀ ပြည့်နှစ်များအတွင်း UNLF သည် စည်းရုံးရေးနှင့်စုဆောင်းရေးကိုသာအဓိကအားထားခဲ့သော်လည်း ၁၉၉၀ ပြည့်နှစ်တွင် အိန္ဒိယအစိုးရလက်အောက်မှ မဏိပူရ်ပြည်နယ်လွတ်မြောက်ရေးအတွက် လက်နက်ကိုင်တော်လှန်ရန်ဆုံးဖြတ်ကာ မဏိပူရ်ပြည်သူ့တပ်မတော် MPA ဟူ၍ လက်နက်ကိုင်အဖွဲ့ကိုဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။

Source : Hindustan Times$$


LEAVE A REPLY

Please enter your comment!
Please enter your name here