YUFC က ပွဲချိန်ပထမပိုင်းတွင် သုံးဂိုး တစ်ဂိုးဖြင့် ဦးဆောင် ကစားနေ

0
186

ယနေ့ ဒီဇင်ဘာ (၁)ရက်‌နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းအတွင်း မြန်မာနေရှင်နယ်လိဂ်-၂၀၂၃ ပြိုင်ပွဲကိုပွဲစဉ် (၂၁)အဖြစ် ရန်ကုန်ယူနိုက်တက် (YUFC)အသင်းနှင့်အား/ကာသိပ္ပံအသင်း(ISPE)တို့ ပွဲဦးထွက် ယှဉ်ပြိုင်ကစားလျက်ရှိရာ၊ YUFC အသင်းက ပွဲချိန်ပထမပိုင်း၌ပင် သုံးဂိုး တစ်ဂိုးဖြင့် ဦးဆောင် ကစားနေကြောင်း သိရသည်။

ရန်ကုန်ယူနိုက်တက်အသင်းအနေဖြင့် ပွဲစဉ်(၂၀)တွင် ဟံသာဝတီယူနိုက်တက်အသင်းအား( ၂-၁ )ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး၊ ရမှတ်စုစုပေါင်း (၄၇)မှတ်ဖြင့် ရပ်တည်နေသော အသင်းတစ်သင်းဖြစ်သည်။

YUFC အသင်းအနေဖြင့် ပွဲစဉ်(၂၀)တွင် ဟံသာဝတီအသင်းနှင့်ကစားအပြီး ရမှတ်(၃)မှတ် ထပ်တိုးခဲ့သည်။

အလားတူ ISPE အသင်းအနေဖြင့်လည်း ပွဲစဉ်(၂၀)တွင် ရတနာပုံအသင်းအား (၁-၁)ဂိုး ဖြင့် သရေကစားခဲ့ကာ ရမှတ်စုစုပေါင်း(၂၆)ဖြင့် ရပ်တည်နေသည်။

မြန်မာနေရှင်နယ်လိဂ် -၂၀၂၃ ပြိုင်ပွဲတွင် အသင်းပေါင်း (၁၂) ယှဉ်ပြိုင်ကစားလျှက်ရှိရာ၊ ရှမ်းယူနိုက်တက်အသင်းက ရမှတ်(၅၃)မှတ်ဖြင့် ထိပ်ဆုံးအသင်းနေရာ ၌ ရပ်တည်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here