ဆီးရီးယားရှိအမေရိကန်စစ်စခန်းအား ၇၄ ကြိမ်မြောက်တိုက်ခိုက်ဟု ပင်တဂွန်အတည်ပြု

0
166

ဝါရှင်တန်၊ဒီဇင်ဘာ ၁

အောက်တိုဘာ ၁၇ ရက်မှစ၍ ဆီးရီးယားရှိအမေရိကန်စစ်စခန်းသည် ၇၄ ကြိမ်မြောက် တိုက်ခိုက်ခံခဲ့ရကြောင်း ပင်တဂွန်စစ်ဌာနချုပ်ကအတည်ပြုပြောကြားခဲ့သည်။

အီရန်က ကျောထောက်နောက်ခံပြုသည်ဟု သံသယရှိသူများအပါအဝင် စစ်သွေးကြွအုပ်စုမျိုးစုံကဆောင်ရွက်သည့် အဆိုပါတိုက်ခိုက်မှုများသည် ဒေသတွင်းလုံခြုံရေးကို စိန်ခေါ်နေသည်ကို မီးမောင်းထိုးပြ‌နေခဲ့သည်။

ဆီးရီးယားအတွင်း အမေရိကန်စစ်စခန်းတည်ရှိသည်ဟု အငြင်းပွားဖွယ်ရာပြဿနာဖြစ်နေပြီး အခါအားလျော်စွာ အကြမ်းဖက်မှုများဖြင့်ကြုံတွေ့နေရကာ အမေရိက အနေဖြင့် လက်တုံ့ပြန်တိုက်ခိုက်မှုပြုလျှင်ပြု၊မပြုလျှင်၎င်း၏ဝန်ထမ်းများလုံခြုံရေးအတွက် ကာကွယ်ရေးအစီအမံများကို လုပ်ဆောင်ရန်လိုအပ်ကြောင်းပြသနေခဲ့သည်။

စစ်သွေးကြွများ၏တိုက်ခိုက်မှုအတွင်း အမေရိကန်စစ်ရေယာဉ်များဆီသို့ ပဲ့ထိန်းဒုံဖြင့်ပစ်ခတ်ခြင်းမျိုးမပါဝင်ခဲ့ဘဲ အမေရိကန်ရေတပ်၏ဖျက်သင်္ဘော USS Carney သည် ယီမင်နိုင်ငံကလွှတ်တင်ခဲ့သော အီရန်လုပ် Houthi ဒရုန်းတစ်စီးကို ဖျက်ဆီးခဲ့ပြီး အမေရိကန်ဝန်ထမ်းများထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းလည်းသိရသည်။

Source : ဘီအင်န်အင်န်နူးစ်


LEAVE A REPLY

Please enter your comment!
Please enter your name here