သံလျက်မှော် အနောက်ရပ်ကွက် ကမ်းနားလမ်းတွင် Level 1 အဆင့်ရှိ မီးလောင်မှု တစ်ခု ဖြစ်ပွား

0
251

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက်ရပ်ကွက်၊ ကမ်းနားလမ်းတွင် Level 1 အဆင့်ရှိ မီးလောင်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် သွားရောက်ကူညီခဲ့သည့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။

မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက်ရပ်ကွက်၊ (၄၁) လမ်းနှင့် ကမ်းနားလမ်းထောင့်တွင် ဒီဇင်ဘာ (၁) ရက်၊ ညနေ (၄) နာရီ အချိန်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ Level 1 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

“ (၄၁)လမ်းနှင့် ကမ်းနားလမ်းအနီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် နယ်မြေခံ မီးသတ်ကားများနှင့်အတူ မီးလောင်ပြင်သို့ အရေးပေါ်ရေသည်ယာဉ် အရေးပေါ် ကယ်ဆယ်ရေးယာဉ်ဖြင့် သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အတူ ပူးပေါင်း ကူညီဆောင်ရွက်ခဲ့ပါတယ်”ဟု မဏီစလ လူမှု/နာမှုကူညီရေးအသင်း(မန္တလေး)မှ ဆိုသည်။

အဆိုပါ မီးလောင်မှုကို သွားရောက် ငြှိမ်းသတ်ရာ ညနေ (၄) နာရီ (၁၀) မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ညနေ (၄) နာရီ (၁၅)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် မီးလောင်ကျွမ်းမှု အကြောင်းရင်း၊ ပျက်စီးဆုံးရှုးမှုများနှင့် ပတ်သက်၍ မီးသတ်တပ်ဖွဲ့မှ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Photo – မဏီစလ လူမှု/နာမှု ကူညီရေးအသင်း – မန္တလေးမြို့


LEAVE A REPLY

Please enter your comment!
Please enter your name here