ကျောင်းသားဂိုဏ်းတွေရဲ့ ရန်ပွဲအကြောင်း ရုပ်ရှင် ဘန်ကောက်မှာ ပြသချိန် ထိုင်းရဲက လုံခြုံရေး တိုးချထား

0
214

ပြိုင်ဘက် သင်တန်းကျောင်းနှစ်ခုရဲ့ ကျောင်းသားဂိုဏ်း တိုက်ခိုက်မှုတွေအကြောင်း ရိုက်ကူးထားတဲ့ 4 Kings 2 ရုပ်ရှင် နိုဝင်ဘာ ၃၀ က ပထမရက်အဖြစ် ဘန်ကောက် ရှော့ပင်းမောလ်နှစ်ခုမှာ ပြသနေပြီဖြစ်တာကြောင့် လုံခြုံရေး ထိန်းသိမ်းဖို့ရာ ဒေသရဲစခန်းတစ်ခုက လူစုလူဝေး ထိန်းသိမ်းတပ်ဖွဲ့နှစ်ခု ချထားကြောင်း သိရပါတယ်။

4 Kings 2 ပြသနေတဲ့ The Mall Bang Kapi နဲ့ Lotus Bang Kapi တို့ရှေ့မှာ ဒိုင်းကာနဲ့ နံပါတ်တုတ်တွေကိုင်ဆောင်ထားသော လုံထိန်းအဖွဲ့တွေ ချထားခဲ့တယ်လို့ ရဲမှူး သာနာပန် ဖာဒန်ခမ်က ပြောဆိုပါတယ်။

Bang Kapi အရပ်ရှိ ကာလကြာရှည် ခါးသီးပြိုင်ဘက် Kanok နဲ့ Buranaphan သက်မွေးပညာကျောင်းနှစ်ကျောင်းရဲ့ ကျောင်းသားတွေအကြား လမ်းပေါ်ရန်ပွဲတွေအကြောင်း ရိုက်ကူးထားတဲ့ဇာတ်ကားလို့ သိရပါတယ်။ ယခု ဒုတိမြောက်ဇာတ်ကားဟာ Kanok ကျောင်းသားတွေက ပြုင်ဘက်ကျောင်းသားတွေကို လက်စားချေဖို့ ကြိုးပမ်းတဲ့ ဇာတ်ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့အနေနဲ့ Bang Kapi နဲ့ အနီးအနားဧရိယာတွေက သက်မွေးပညာကျောင်းတွေရဲ့ ကျောင်းသားတွေအကြား လမ်းပေါ်ရန်ပွဲတွေကို ရှာဖွေဖော်ထုတ်နေတယ်လို့ ရဲမှူး သာနာပန်က ပြောဆိုခဲ့ပါတယ်။

ရုပ်ရှင်လာကြည့်သူ အုပ်စုအချို့ကနေ ဖြစ်လာနိုင်တဲ့ ပြဿနာမျိုးအတွက် စုံစမ်းထောက်လှမ်းမှုတွေ လုပ်သွားမှာဖြစ်သလို ရုပ်ရှင်ကြည့် ပရိသတ်အရေအတွက်ကိုလည်း နာရီနဲ့အမျှ စောင့်ကြည့်အကဲဖြတ်သွားမယ်လို့ ရဲမှူးက ပြောဆိုသွားပါတယ်။

လုံထိန်းတပ်ဖွဲ့တွေကို ရှော့ပင်းမောလ်နှစ်ခုရှေ့မှာ သုံးရက်ကြာ ချထားမှာဖြစ်တယ်လို့လည်း ရဲမှူးက ဆက်လက်ပြောဆိုခဲ့ပါတယ်။

The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here