ခွေးသားစားခွင့်တားမြစ်မှုကြောင့်တောင်ကိုရီးယား လယ်သမားများနှင့်ရဲများအဓိကရုဏ်းဖြစ်နေ

0
200

ဆိုးလ်၊နိုဝင်ဘာ ၃၀

တောင်ကိုရီးယား၌ စားသုံးရန်ရည်ရွယ်ချက်ဖြင့် ခွေးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သည့် မွေးမြူရေးသမား ၂၀၀ ခန့်သည် အစိုးရ၏ ခွေးသားစားသုံးမှုတားမြစ်ခြင်း ကို မကျေနပ်သဖြင့် သမ္မတရုံးအနီး၌ စုရုံးကာဆန္ဒပြခဲ့ကြကြောင်းသိရသည်။

၎င်းတို့သည် ၎င်းတို့နှင့်အတူ မွေးထားသည့်ခွေးများအားလှောင်အိမ်ဖြင့်သယ်ယူလာပြီး ဆန္ဒပြရာနေရာ၌ပင်လွှတ်ပေးရန်ပြုလုပ်သဖြင့် တောင်ကိုရီးယားရဲများနှင့် အနည်းငယ်အဓိကရုဏ်းဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

သမ္မတယွန်းဆော့ယော်၏အာဏာရပါတီသည် စားသုံးရန်အတွက်ခွေးမွေးမြူခြင်းနှင့် ရောင်းချခြင်းအား တားမြစ်သည့် ဥပဒေကြမ်းတစ်ရပ်ကိုတင်သွင်းခဲ့ပြီးသုံးနှစ်သက်တမ်းရှိသည့် ခွေးမွေးမြူရေးလုပ်ငန်းများအား ပိတ်သိမ်းခိုင်းစေခြင်းအတွက် လျော်ကြေးငွေပေးခဲ့သည်ဟုလည်းသိရသည်။

လက်ရှိတွင်တောင်ကိုရီးယားမိသားစုများအတွင်း ခွေးများအား အိမ်မွေးတိရစ္ဆာန်အဖြစ်မွေးမြူမှုမြင့်မားလာပြီး ခွေးသားစားသုံးမှုနှင့်ပတ်သက်၍ စစ်တမ်းကောက်ခံရာတွင် စစ်တမ်းဖြေဆိုသူ၏ သုံးပုံနှစ်ပုံကကန့်ကွက်ခဲ့ကြသည်။

သို့သော် ခွေးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်ပြီး ဆန္ဒပြမှုကိုဦးဆောင်သည့်ခေါင်းဆောင်ကမူ နိုင်ငံရေးသမားများအနေဖြင့် ၎င်းတို့လုပ်ငန်းအားပိတ်သိမ်းပိုင်ခွင့်မရှိသကဲ့သို့ လူများအား မည်သည်ကိုစားရမည် မည်သည်ကိုမစားရဟူ၍ ပိတ်ပင်တားဆီးပိုင်ခွင့်မရှိဟုပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here