ဗိုလ်တထောင်ဘုရား၌ နိုင်ငံခြားသား ဧည့်ဝင်ကြေး သုံးဆတိုးမြှင့် ကောက်ခံမည်

0
222

ဗိုလ်တထောင်ဘုရားသို့ လာရောက်ဖူးမြော်မည့် နိုင်ငံခြားသား ဧည့်ဝင်ကြေးကို သုံးဆတိုးမြှင့် ကောက်ခံသွားမည်ဖြစ်ကြောင်း ဗိုလ်တထောင် ဘဏ္ဍာထိန်းဂေါပကအဖွဲ့မှ သိရသည်။

ယခင်က နိုင်ငံခြားသား ဧည့်ဝင်ကြေးမှာ တစ်ဦးလျှင် ၅၀၀၀ ကျပ် ကောက်ခံပြီး ယခု ၁၅၀၀၀ ကျပ်ကို လာမည့် ‌၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ စတင်ကာ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာလ ၁ ရက်မှ စတင်ကာ ရန်ကုန်မြို့ရှိ အမျိုးသားပြတိုက်၊ နေပြည်တော်ရှိ အမျိုးသားပြတိုက်နှင့် ရှေးဟောင်းသုတေသနပြတိုက်များ၏ ပြည်တွင်းဧည့်ဝင်ကြေးကို တစ်ဦးလျှင် ယခင် ၅၀၀ ကျပ်အစား ၁၀၀၀ ကျပ်၊ ပြည်ပခရီးသွား ဧည့်ဝင်ကြေး ၅၀၀၀ ကျပ်အစား ၁၀၀၀၀ ကျပ် တိုးမြှင့်ကောက်ခံနေကြောင်းလည်း သိရသည်။

ထို့ပြင်ပြည်ပခရီးသွားဧည်သည်များကို ယဉ်ကျေးမှုဇုန်ဝင်ကြေးများ ကောက်ခံခဲ့သလို ယခုလည်း ပြတိုက်ဝင်ကြေးများကို တိုးမြှင့်ကောက်ခံခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် အောက်တိုဘာလ ၁ ရက်မှ စတင်ကာ ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ လာရောက်သည့် နိုင်ငံခြားသားတစ်ဦးလျှင် ၃၀၀၀၀ ကျပ်၊ မန္တလေး၊ အင်းဝနှင့် ပင်းတယ ယဉ်ကျေးမှုဇုန်သို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားတစ်ဦးလျှင် ၁၅၀,၀၀၀ ကျပ် တိုးမြှင့်ကောက်ခံခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here