ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာမှ ရွှေတံဆိပ်(၂)ခုအပါအဝင် ဆုတံဆိပ် (၁၄) ဆု အထိရရှိထား

0
135

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ၊ ဟိုချီမင်းမြို့တွင် ကျင်းပနေသည့် ၂၀၂၃ ခုနှစ်၊ (၇) ကြိမ်မြောက် ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံရှစ် (7th WVVF World Vovinam Championships 2023) ပြိုင်ပွဲတွင် မြန်မာမှ ရွှေတံဆိပ် (၂) ခုအပါအဝင် ဆုတံဆိပ် (၁၄) ဆု အထိ ရရှိထားကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၁)ရက်နေ့ အထိကျင်းပခဲ့ပြီး မြန်မာနိုင်ငံ ဗိုဗီနမ်အားကစားအဖွဲ့ချုပ်မှ အားကစားသမားများ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကာ နိုဝင်ဘာ ၃၀ ရက်အထိ ရလဒ်များအရ မြန်မာဗိုဗီနမ်အားကစားအသင်းသည် ရွှေတံဆိပ်(၂)ခုအပါအဝင် ဆုတံဆိပ် (၁၄) ဆု အထိ
ရရှိထားကြောင်း သိရသည်။

မြန်မာဗိုဗီနမ်အားကစားအသင်းသည် နိုဝင်ဘာ (၂၅) ရက်နေ့တွင် Four element staff form ပြိုင်ပွဲ၌ တင်ထူးဇော် ငွေတံဆိပ်(၁)ခုနှင့် 3male, 3Female ပြိုင်ပွဲ၌ တင်ထူးဇော်၊ ကျော်သူစိုးအောင်၊ ဟိန်းထက်အောင်၊ ချစ်နိုဒီဆောင်း၊ မေဟန်နီအောင်လွင်၊ အိ‌န္ဒြေဖူးတို့က ငွေတံဆိပ် (၁) ခု စုစုပေါင်း ဆုတံဆိပ် (၂)ခု ဆွတ်ခူးရရှိခဲ့သည်။

ထို့အတူ နိုဝင်ဘာ ၂၆ ရက်တွင် ၅၄ကီလိုတန်း(အတိုက်ပြိုင်ပွဲ)တွင် မင်းမင်းထိုက်မှ ကြေးတံဆိပ်ဆု (၁) ခု၊ female self defense(အပြပြိုင်ပွဲ)တွင် အောင်ခိုင်လင်း၊ ချစ်နိုဒီဆောင်းတို့အတွဲမှ ကြေးတံဆိပ်ဆု (၁) ခု၊ pair sword form male ပြိုင်ပွဲတွင် တင်ထူးဇော်၊ ကျော်သူစိုးအောင် တို့အတွဲ ကြေးတံဆိပ်ဆု (၁) ခု၊ ying yang sword form male ပြိုင်ပွဲတွင် ဟိန်းထက်အောင်မှ ကြေးတံဆိပ်ဆု (၁) ခု၊ ying yang sword form female ပြိုင်ပွဲတွင် မေဟန်နီအောင်လွင်မှ ငွေတံဆိပ်ဆု (၁ )ခု၊ ရရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၂၇ ရက်တွင်ဆုမရခဲ့သော်လည်း နိုဝင်ဘာ ၂၈ ရက်တွင် Pair machete form male ပြိုင်ပွဲ၌ အောင်ခိုင်လင်းနှင့်ဟိန်းထက်အောင်တို့အတွဲက ရွှေတံဆိပ်(၁)ခု၊ Male yin Yan sword form team 4 ပြိုင်ပွဲတွင် အောင်ခိုင်လင်း၊ ဟိန်းထက်အောင်၊ ကျော်သူစိုးအောင်နှင့် တင်ထူးဇော်တို့အတွဲက ကြေးတံဆိပ် (၁)ခု ထပ်မံရရှိခဲ့သည်။

နိုဝင်ဘာ ၂၉ ရက်တွင်လည်း Male multiple training-01male athlete defends against 03 others with wespon ပြိုင်ပွဲတွင် အောင်ခိုင်လင်း၊ ဟိန်းထက်အောင်၊ကျော်သူစိုးအောင်၊ တင်ထူးဇော်တို့အတွဲက ကြေးတံဆိပ် (၁)ခု၊ Cross form female ပြိုင်ပွဲတွင် ချစ်နိုဒီဆောင်းက ကြေးတံဆိပ်(၁)ခု၊ One female athlete defense against 3 male athlete with weapon ပြိုင်ပွဲတွင် မေဟန်နီအောင်လွင်၊ အောင်ခိုင်လင်း၊ တင်ထူးဇော်၊ ကျော်သူစိုးအောင်တို့အတွဲက ကြေးတံဆိပ် (၁)ခု၊ Pair knife form male ပြိုင်ပွဲတွင် အောင်ခိုင်လင်း၊ ဟိန်းထက်အောင်တို့အတွဲက ကြေးတံဆိပ် (၁)ခု ရရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၃၀ ရက်ပြိုင်ပွဲတွင် မြန်မာဗိုဗီနမ်အသင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ (၅၁) ကီလိုတန်း အတိုက်ပြိုင်ပွဲ နှင်းသက်ဝေ က ရွှေတံဆိပ်(၁)ခု ထပ်မံဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မြန်မာအသင်းအနေဖြင့် နိုဝင်ဘာ ၃၀ ရက်ပြိုင်ပွဲများအပြီးတွင် ၊ရွှေတံဆိပ်(၂)ခု၊ ငွေတံဆိပ် (၃)ခု၊ ကြေးတံဆိပ် (၉)ခု၊ စုစုပေါင်း ဆုတံဆိပ်(၁၄) ခုဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here