ရန်ကုန်တွင် ၇ နာရီအတွင်း နေရာ ၃ နေရာ၌ မီးလောင်မှုဖြစ်ပွားခဲ့

0
198

ရန်ကုန်တိုင်းဒေသကြီးတွင် ယမန်နေ့ ဒီဇင်ဘာ ၂ ရက်က ၇ နာရီအတွင်း နေရာ ၃ နေရာ၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးလှည်းကူးမြို့၊နယ်၊ သင်္ကန်းကျွန်းမြို့နယ်နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တို့တွင် ဒီဇင်ဘာလ ၂ ရက် ညနေ ၃ နာရီ ၃၀ မိနစ်ခန့်မှ ည ၁၀ ခွဲအချိန်အထိ နေရာ ၃ နေရာ၌ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပထမဖြစ်စဥ်မှာ လှည်းကူးမြို့နယ်၊ မင်းလွင်ကုန်းကျေးရွာတွင် ညနေ ၃ နာရီ ၃၂ ခန့်မှစတင်၍ မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် လှည်းကူးမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၂ )စီး ထွက်ခွာ ငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီ ၄၅ မိနစ်အချိန်တွင် မီးထိန်းပြီး ၃ နာရီ ၅၀ မိနစ်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

ဒုတိယဖြစ်စဉ်မှာ သင်္ကန်းကျွန်းမြို့နယ်၊ ဆ / က ရပ်ကွက်၊ ကျိုက္ကဆံဘုရားလမ်းရှိ မဟာရန်ကုန် လက်ဖက်ရည်ဆိုင်တွင် ည ၈ နာရီ ၂၀ ခန့်က Gas အိုးပေါက်ကွဲရာမှ မီးလောင်မှုကြောင့် သဃန်းကျွန်းမြို့နယ်မီးသတ်စခန်းမှ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီ ၂ မိနစ်တွင် မီးထိန်းပြီး ၉ နာရီ ၇ မိနစ်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

တတိယဖြစ်စဉ်မှာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၀)ရပ်ကွက်၊ လှော်ကားလမ်းရှိ ဓာတ်တိုင်တစ်တိုင်မှ ဝိုင်ဖိုင်ကြိုးများ ည ၁၀ နာရီ ၃၀ မိနစ်တွင်မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာငြိမ်းသတ်ခဲ့ရာ ည ၁၀ နာရီ ၃၆ မိနစ်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

အထက်ပါ မီးလောင်မှုဖြစ်စဥ်များကြောင့် လူထိခိုက်မှု မရှိခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here