ကလေးမြို့တွင် လူနေအိမ်အတွင်းမှ ငွေကျပ်သိန်း ၇၇၀၀ တန်ဖိုးရှိ ဘိန်းဖြူ ၁၅ ဒသမ ၄ ကီလို ဖမ်းဆီးရမိ

0
170

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် လူနေအိမ်အတွင်းမှ ငွေကျပ်သိန်း ၇၇၀၀ တန်ဖိုးရှိ ဘိန်းဖြူ ၁၅ ဒသမ ၄ ကီလို ဖမ်းဆီးရမိကြောင်းရဲတပ်ဖွဲ့ ထံမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ လှိုင်သာယာရပ်ကွက်ရှိ ဒိုကိပ်လျန် ၏ နေအိမ်ကို နိုဝင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရရှာဖွေရာ နေအိမ်တွင် ပေါင်ရှင်းလာလ်၊ မဒိမ်ရှင်းဟွဲ့ နှင့် မကျိန်ရှင်းဟွဲ တို့အား ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၇၇၀၀ တန်ဖိုးရှိ ဘိန်းဖြူ ၁၅ ဒသမ ၄ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သိမ်းဆည်းရမိသည့် ဘိန်းဖြူများအား ကလေးမြို့မှ တီးတိန်မြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း စစ်ဆေးဖော်ထုတ်ချက်အရ သိရသည်။

လက်ရှိအချိန်တွင် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here