မြန်မာ-တရုတ် စစ်ရေယာဥ်များ ရေပြင်၊ ဝေဟင်နှင့် ရေအောက်ရန်ကာကွယ်ရေးလေ့ကျင့်ခန်းများကို အောင်မြင်စွာပြုလုပ်

0
242

တရုတ်-မြန်မာ ပူးတွဲကာကွယ်ရေးလေ့ကျင့်ခန်းများကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

“ကျွန်တော်တို့ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးနဲ့ မြန်မာ-တရုတ် ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းလုပ်ဆောင်ရန်အတွက်ရောက်ရှိနေတဲ့ တရုတ်နိုင်ငံကစစ်ရေယာဉ်များနဲ့ မြန်မာနိုင်ငံက စစ်ရေယာဉ်များဟာ ပူးပေါင်းရေကြောင်းလုံခြုံရေးလေ့ကျင့်ခန်းဆောင်ရွက်ခဲ့ပါတယ်။ ရေပြင်ရန်ကာကွယ်ရေး၊ ဝေဟင်ရန်ကာကွယ်ရေး၊ ရေအောက်ရန်ကာကွယ်ရေးလေ့ကျင့်ခန်းများကိုလည်း အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

တရုတ်နိုင်ငံကစစ်ရေယာဉ်များနှင့် မြန်မာနိုင်ငံက စစ်ရေယာဉ်များသည် ရဲတံခွန်ရေနံမြေ၏ မြောက်ဘက် ပင်လယ်ပြင်တွင် လေ့ကျင့်ခန်းပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရေကြောင်းလုံခြုံရေး လေ့ကျင့်ခန်း အားလုံး အောင်မြင်စွာပြီးဆုံးခဲ့ကြောင်းလည်း သိရသည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေ)မှ စစ်ရေယာဉ်များသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို လေ့လာလည်ပတ်ခြင်း၊ နှစ်နိုင်ငံချစ်ကြည်ရေး အားကစား ပြိုင်ပွဲများ ယှဉ်ပြိုင် ကစားခြင်း၊ သန်လျင်တပ်နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်း (ဆိပ်ကြီး)၌ စာရေးကိရိယာလှူဒါန်းခြင်းများအပြင် မြန်မာတပ်မတော် (ရေ) မှ စစ်ရေယာဉ်များနှင့်အတူ ရေပြင်ရန်၊ ဝေဟင်ရန် ရေအောက်ရန်ကာကွယ်ရေး လေ့ကျင့်ခန်းများနှင့် ရေကြောင်း လုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းများ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here