LGBTQ+ လှုပ်ရှားမှုများကို တရားရုံးချုပ်က တားမြစ်ခဲ့ပြီးနောက် မော်စကိုမှ Gay Bar များကို ရဲတပ်ဖွဲ့ ဝင်ရောက်စီးနင်း

0
211

ရုရှားနိုင်ငံ၏ တရားရုံးချုပ်က “Global LGBTQ+” လှုပ်ရှားမှုများကို အစွန်းရောက်အဖွဲ့အစည်းလှုပ်ရှားမှုဟု သတ်မှတ်ကာ တားမြစ်ပိတ်ပင်ပြီးနောက် ၄၈ နာရီအတွင်း ရုရှားနိုင်ငံ မော်စကိုမြို့တစ်ဝှမ်းရှိ လိင်တူချစ်သူ ကလပ်များနှင့် Gay ဘားများကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့သည်။

မူးယစ်ဆေးဝါးရှာဖွေခြင်းဆိုင်ရာ စီးနင်းမှုဟူသည့် အကြောင်းပြချက်ဖြင့် နိုက်ကလပ်၊ အမျိုးသား ချွေးပေါင်းခန်းနှင့် LGBTQ+ ပါတီများကို လက်ခံကျင်းပသည့် ဘားတစ်ခုအပါအဝင် ရုရှားမြို့တော်တစ်ဝှမ်းရှိ နေရာများကို ရဲတပ်ဖွဲ့က ဝင်ရောက် စီးနင်းရှာဖွေခဲ့သည်ဟု ဒေသဆိုင်ရာ မီဒီယာများက ဖော်ပြခဲ့သည်။

ကလပ်များတွင် ရှိနေကြသူများ၏ အထောက်အထား စာရွက်စာတမ်းများကို လုံခြုံရေးတပ်ဖွဲ့များက စစ်ဆေးပြီး ဓာတ်ပုံရိုက်ခဲ့ကြောင်း မျက်မြင်သက်သေများက သတင်းထောက်များအား ပြောကြားခဲ့သည်။ ရဲများရောက်မလာမီတွင်ပင် ဘားများနှင့် ကလပ်များ၏ မန်နေဂျာများက လာရောက်ကြသူများကို ကြိုတင်သတိပေးနိုင်ခဲ့ကြောင်းလည်း မျက်မြင်သက်သေများကပြောသည်။

ယင်း စီးနင်းမှုများသည် LGBTQ+ ကို အစွန်းရောက်အဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်လိုက်သည့် ရုရှားတရားရုံးချုပ်၏ ဆုံးဖြတ်ချက်ကို လိုက်နာခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here