မူဆယ်မြို့တိုက်ပွဲကြောင့် ရွှေလီတံတားကို လုံခြုံ​ရေးအရယာယီပိတ်ထားမည်လား

0
147

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားတစ်ခုဖြစ်သည့် ရွှေလီတံတားကို တရုတ်ဘက်ခြမ်းက ယာယီပိတ်ထားရန် ပြင်ဆင်နေသည်ဟုယူဆရကြောင်း ဒေသခံ သတင်းအရင်းအမြစ်တစ်ဦးက ပေါ်ပြူလာနယူးစ် ကို ပြောသည်။

” မနေ့က တရုတ်ဖက်ခြမ်းမှာ သံဆူးကြိုးတွေ လာချထားတာတွေ့ရတယ်။ လောလောဆယ် ကာရံတာမျိုးမရှိသေးပေမယ့် တရုတ်ဘက်ခြမ်းကို ပိတ်ပစ်ဖို့ပြင်ဆင်နေတာမျိုးဖြစ်နိုင်တာ တွေ့ရတယ်။” ဟု သူတွေ့မြင်ပုံကို ပြောသည်။

ယမန်နေ့ ဒီဇင်ဘာ (၂)ရက်က တရုတ်နိုင်ငံတာဝန်ရှိသူများက ကျယ်ဂေါင်တွင်နေထိုင်သူများကို ရွှေလီမြို့သို့ ခေတ္တပြောင်းရွှေ့နေထိုင်ရန် လိုက်လံသတိပေးပြောဆိုနေသည့် ဗွီဒီယိုဖိုင်အချို့ကို တွေ့မြင်ရသည်။

” အခုတရုတ်ဘက်ခြမ်းက ပြင်ဆင်နေတာကိုကြည့်ရင် သူ့ နိုင်ငံလုံခြုံရေးအတွက်တော့ တရုတ်က တံတားကို ပိတ်ကိုပိတ်လိမ့်မယ် “ဟု ဒေသခံတစ်ဦးက သူ၏ အမြင်ကို သုံးသပ်သည်။

အတည်မပြုနိုင်သေးသည့် အချက်အလက်များအရ တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ရန် ရှိနေသည့်အတွက် ယာယီရွှေ့ပြောင်းနေစေခြင်း ဖြစ်ကြောင်းလည်း ပြောကြားမှုများ ရှိနေသည်။

၁၀၂၇ အမည်ရှိ တိုက်ပွဲစတင်ဖော်ဆောင်မှုကို ရှမ်းပြည်မြောက်ပိုင်း မဟာမိတ်ညီနောင်သုံးဖွဲ့ က လုပ်ဆောင်ချိန်မှစ၍ တပ်မတော်နှင့် နိုဝင်ဘာလအတွင်းထိတွေ့တိုက်ပွဲများ နေ့စဉ်ရက်ဆက်ဖြစ်ပွားလျှက်ရှိ​နေသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here