ဒီဇင်ဘာ (၁) ရက်မှ စတင်ပြီး အိမ်သုံးမီတာတပ်ဆင်ခ ပြောင်းလဲ

0
301

ယခု ဒီဇင်ဘာလမှ စတင်ပြီး အိမ်သုံးမီတာ တပ်ဆင်ခများကို ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

အသစ်ပြင်ဆင်သတ်မှတ်လိုက်သည့် အိမ်သုံးမီတာနှုန်းထားမှာ အိမ်သုံးမီတာသတ်မှတ်ကြေး ၁၅၀,၀၀၀ ကျပ်၊ မီတာပုံးခွံ (Tran Box) ၄၀,၀၀၀ ကျပ်၊ Breaker ၁၀,၀၀၀ ကျပ်၊ အခြား ကုန်ကျစရိတ် ၅၀,၀၀၀ ကျပ်၊ အာမခံစပေါ်ငွေ ၁၅,၀၀၀ ကျပ်၊ ကြိုးသွယ်ခ ၁၀,၀၀၀ ကျပ်၊ မီးဆက်ခ ၅,၀၀၀ ကျပ်၊ ကြီးကြပ်ခ ၅,၀၀၀ ကျပ်နဲ့ မီတာလျှောက်လွှာမှတ်ပုံတင်ကြေး ၁၀,၀၀၀ ကျပ် စုစုပေါင်း ၂၉၅,၀၀၀ ကျပ် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

ယခင်က အိမ်သုံးမီတာသတ်မှတ်ကြေးနှုန်းထားမှာ အိမ်သုံးမီတာ သတ်မှတ်ကြေး ၈၅,၀၀၀ ကျပ်၊ မီတာပုံးခွံ (Tran Box) ၁၇,၀၀၀ ကျပ်၊ Breaker ၈,၀၀၀ ကျပ်၊ အခြားကုန်ကျစရိတ် ၁၀,၀၀၀ ကျပ်၊ အာမခံစပေါ်ငွေ ၄,၀၀၀ ကျပ်၊ ကြိုးသွယ်ခ ၂,၀၀၀ ကျပ်၊ မီးဆက်ခ ၂,၀၀၀ ကျပ်၊ ကြီးကြပ်ခ ၁,၀၀၀ ကျပ်နဲ့ မီတာလျှောက်လွှာမှတ်ပုံတင်ကြေး ၁,၀၀၀ ကျပ် စုစုပေါင်း ၁၃၀,၀၀၀ သာ ကုန်ကျကြောင်း သိရသည်။

ယခုအခါ အိမ်သုံးမီတာများ အသစ်ပြန်လည်လျှောက်ထားရာတွင် ကုန်ကျစရိတ် ၃ သိန်းဝန်းကျင်အထိ ဖြစ်ကာ ​စျေးမြင့်သွားခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here