ပြည်မြို့၊ ရွှေလက်ရ ဘုရားရှေ့တွင် ဆိုင်ကယ် မတော်တဆ ဖြစ်ပွားရာမှ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

0
206

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ရွှေလက်ရဘုရားရှေ့ (ဆည်မြောင်းဝန်းအနီး) ဆိုင်ကယ် မတော်တဆဖြစ်ပွားရာမှအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)မှ သိရသည်။

ယနေ့ ဒီဇင်ဘာ (၃) ရက်၊ နေ့လည် (၁) နာရီခွဲအချိန်ခန့်က ပြည်မြို့၊ ရွှေလက်ရဘုရားရှေ့ (ဆည်မြောင်းဝန်းအနီး) ဆိုင်ကယ် ACCIDENT ဖြစ်ပွားပြီး ဒဏ်ရာရရှိထားသည့် အရေးပေါ် လူနာတစ်ဦးအား လာရောက် ကူညီပေးပါရန် အဖွဲ့သို့ ဆက်သွယ်အကြောင်းကြားချက်အရ သွားရောက်ကူညီခဲ့ခြင်းဖြစ်သည်။

“ဆိုင်ကယ် ACCIDENT ဖြစ်ပွားလို့ လူနာတစ်ဦးအား အရေးပေါ် လာရောက်ကူညီပေးဖို့ အဖွဲ့ဆီ ဆက်သွယ်အကြောင်းကြားလို့ သွားရောက်တာပါ။ လိုအပ်တဲ့ မြေပြင်ပေါ်ကုသ ကူညီပေးပြီး ဆေးရုံကြီး အရေးပေါ်ဌာနကို ပို့ဆောင်ပေးခဲ့ပါတယ်”ဟု အဖွဲ့က ဆိုသည်။

အဆိုပါ ဆိုင်ကယ် မတော်တဆမှု ဖြစ်စဉ်ကြောင့် အမျိုးသမီး (၁)ဦး ဦးခေါင်းပေါက် သွေးထွက်ဒဏ်ရာရရှိခဲ့ပြီး လူနာအား လိုအပ်သည့် မြေပြင်ကုသမှုများ ပြုလုပ်ပေးပြီး အရေးပေါ် ဆေးကုသမှု ခံယူရန် ပြည်မြို့ ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပါရမီ(၃)လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here