ဂျပန်စာ အရည်အချင်းစစ် စာမေးပွဲ ဝင်ရောက်ဖြေဆိုသူဦးရေထောင်နှင့် ချီရှိ

0
174

ဒီဇင်ဘာလ (၃) ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ဂျပန်စာ အရည်အချင်းစစ် စာမေးပွဲ(JPLT)ကို ဝင်ရောက်ဖြေဆိုသူ အရေအတွက် ထောင်နှင့်ချီရှိကြောင်း သင်တန်းကျောင်းများမှ စုံစမ်းသိရှိရသည်။

ဂျပန်စာ အရည်ချင်းစစ် စာမေးပွဲကို ဝင်ရောက်ဖြေဆိုနေသည့် အရေအတွက်သည် များပြားလွန်းသည့်အတွက် ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန်ပညာရေးတက္ကသိုလ် နေရာ (၂)ခု၌ ကျင်းပခဲ့ကြောင်း သိရသည်။

“အရေအတွက်ကတော့ သေချာမသိရသေးဘူး။ အရင်ထက်တော့ ပိုများတယ်လို့ပြောလို့ရတယ်”ဟု ဂျပန်စာ သင်တန်းကျောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ အရည်အချင်းစစ်စာမေးပွဲကို ရန်ကုန်နှင့် မန္တလေးတွင် တပြိုင်နက် ကျင်းပနေခြင်းဖြစ်ပြီး ဖြေဆိုအောင်မြင်ပါက ဂျပန်နိုင်ငံသို့ အလုပ်သွားရောက် အလုပ်လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် စာမေးပွဲဖြေဆိုရန် လျှောက်လွှာတင်သူများပြားခြင်းကြောင့် လူကိုယ်တိုင် လျှောက်ထားသည့်စနစ်ကို ပယ်ဖျက်၍ အွန်လိုင်းစနစ်ဖြင့် လျှောက်ထားသည့်ကို စနစ်ကို ကျင့်သုံးခဲ့ကြောင်းလည်း သိရသည်။

ပြည်ပသို့ သွားရောက်လုပ်ကိုင်ရာတွင် ဂျပန်နှင့် ကိုရီးယားသည် လူငယ်များ စိတ်ဝင်စားမှုများပြားနေသည့် နိုင်ငံများဖြစ်ပြီး အဆိုပါ နိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်နိုင်ရန်အတွက် ဘာသာစကားတက်မြောက်မှသာ သွားရောက်လုပ်ကိုင်နိုင်မည်ဖြစ်သည်။

ယင်းကြောင့် ဂျပန်စကားနှင့် ကိုရီးယားဘာသာစကားကို သင်ယူလျက်ရှိသည့် လူငယ်အများအပြားရှိနေပြီး အဆိုပါဘာသာစကားများကို ခြောက်လသင်တန်း၊ ရှစ်လသင်တန်း အစရှိသည်ဖြင့် သင်တန်းများတွင် တက်ရောက်သင်ကြားနေသည့် လူငယ်အများအပြားလည်းရှိနေကြောင်း သိရသည်။

Photo- ဒေါက်တာရန်မျိုးသိမ်း


LEAVE A REPLY

Please enter your comment!
Please enter your name here