အင်ဒိုနီးရှားတွင် မီးတောင် ပေါက်ကွဲပြီး လူ ၁၁ ဦး ‌ေ-သဆုံး

0
202

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းရှိ မီးတောင်တစ်ခု ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၁၁ ဦး ‌ေ-သဆုံးခဲ့ကြောင်း ဒေသတွင်း ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူကို ကိုးကား၍ Reuters သတင်းဌာနက ပြောကြားခဲ့သည်။

သူ့အဆိုအရ လူ ၃ ဦးကို အသက်ရှင်လျက် တွေ့ရှိခဲ့ပြီး နောက်ထပ် ၁၂ ဦး ပျောက်ဆုံးနေကြောင်းသိရသည်။

ဒီဇင်ဘာ ၃ ရက်က ဆူမားတြားတွင် မာရာပီမီးတောင် ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပဏာမ သတင်းအချက်အလက်များအရ မီးတောင်မှ ပြာပူများလေထဲသို့ မီတာ ၁၅၀၀၀ ကျော်အထိ လွင့်တက်သွားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here