အမေရိက ကဖိအားပေးနေသော်လည်း ဟားမတ်စ်နှင့်ဆက်ဆံရေးမဖြတ်နိုင် – တုကီယေးသမ္မတ

0
210

အစ္စတန်ဘူလ်၊ဒီဇင်ဘာ ၃

အစ္စရေးနိုင်ငံအား စစ်သွေးကြွများ၏တိုက်ခိုက်မှုအပြီးတွင် အန်ကာရာ၏ဟားမတ်စ်များနှင့်ဆက်ဆံရေးကိုဖြတ်တောက်ရန် အမေရိကန်ပြည်ထောင်စုက ဖိအားများတိုးမြင့်လာသည်ကိုဆန့်ကျင်ကြောင်းတုကီယေးသမ္မတအာဒိုဂန်ကပြောကြားခဲ့သည်။

တုကီယေးအနေဖြင့် ဟားမတ်စ်အား အကြမ်းဖက်အဖွဲ့အဖြစ်မရှုမြင်ကြောင်း ဝါရှင်တန်ကကောင်းစွာသိရှိထားသည်ဟုလည်းအာဒိုဂန်ကပြောကြားခဲ့သည်။

အစ္စရေးနှင့်ဟားမတ်စ်တို့ကြား သဘောတူညီထားသည့် အပစ်အခတ်ရပ်စဲရေးကာလဖြစ်သည့် ခုနစ်ရက်တာကာလအတွင်း အစ္စရေးဓ-ါးစာခံ ၈၀ လွတ်မြောက်ခဲ့ပြီး ပါလက်စတိုင်းအကျဉ်းသား ၂၄၀ ဦးလွတ်မြောက်လာခဲ့သည်။

အဆိုပါအပစ်အခတ်ရပ်စဲရေးမှ ငြိမ်းချမ်းရေးဆွေးနွေးမှုအထိဆက်သွားရန်အားလုံးကမျှော်မှန်းထားသော်လည်း ခုနစ်ရက်ထက်ပို၍သက်တမ်းမတိုးနိုင်တော့ဘဲ ပြီးခဲ့သည့်သောကြာမှစကာ တိုက်ခိုက်မှုများပြန်လည်စတင်ခဲ့သည်။

Source : အေအက်ဖ်ပီ/အာစီ


LEAVE A REPLY

Please enter your comment!
Please enter your name here