ရပ်နားထားသည့် သရက်နှင့် ကြံ့ခင်း ဘိလပ်မြေစက်ရုံများကို အစိုးရ-ပုဂ္ဂလိက ပူးပေါင်းမှုဖြင့် အဆင့်မြှင့်တင်မည်

0
339

အမှတ် (၂) အကြီးစား စက်မှုလုပ်ငန်း လက်အောက်ရှိ အမှတ် (၃၁) အကြီးစား ဘိလပ်မြေစက်ရုံ (သရက်)နှင့် အမှတ် (၃၂) အကြီးစား ဘိလပ်မြေစက်ရုံ (ကြံ့ခင်း)တို့ကို အစိုးရ – ပုဂ္ဂလိက အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု (PPP) စနစ်ဖြင့် အဆင့်မြှင့်တင်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ရပ်နားထားတဲ့ စက်ရုံများမှ စက်စွမ်းအားသေးပြီး စွမ်းအင်လောင်စာသုံးစွဲမှု ပိုမိုများပြားပြီး စီးပွားရေး တွက်ချေမကိုက်တော့တဲ့ အစိုနည်းကနေ အခြောက်နည်းကို ပြောင်းလဲအဆင့်မြှင့်တင်နေခြင်း၊ စက်လိုင်းအသစ်များ တိုးချဲ့တည်ဆောက်နေခြင်းတို့ကြောင့် ရပ်နားနေရခြင်း ဖြစ်ပါတယ်”ဟု ညွှန်ကြားရေးမှူးချုပ် ဦးသန်းဇော်ဌေးက ပြောသည်။

လက်ရှိမှာ အမှတ်(၂)အကြီးစား စက်မှုလုပ်ငန်းအနေဖြင့် ပုဂ္ဂလိကကုမ္ပဏီ တစ်ခုနှင့် အကျိုးတူပူးပေါင်းကာ တန် ၅၀၀၀ ဘိလပ်မြေစက်ရုံ(ကျောက်ဆည်)တွင် Alpha အမှတ်တံဆိပ် ဘိလပ်မြေများ ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

နိုင်ငံအတွင်း အစိုးရနှင့် ပုဂ္ဂလိကပိုင် ဘိလပ်မြေစက်ရုံ (၁၉) စက်ရုံရှိပြီး လက်တလော လည်ပတ်နေသည့် ဘိလပ်မြေစက်ရုံ (၁၁) ရုံမှ ၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဘိလပ်မြေ (၈, ၁၂၃,၅၇၀) ထုတ်လုပ်ခဲ့ကာ ပြည်တွင်းဘိလပ်မြေ လိုအပ်ချက်ကို ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံအတွင်း တစ်ဦးကျ ဘိလပ်မြေသုံးစွဲမှုက ၁၈၀ ဂရမ်ရှိခဲ့သည့်အတွက် လူဦးရေ ၅၅ သန်းအတွက် နှစ်စဉ်တန်ချိန် (၉.၉) သန်းခန့် လိုအပ်ချက်ရှိနိုင်ကြောင်း စက်မှုဝန်ကြီးဌာန၏ အချက်လက်များအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here