၁၁ လတာ ကာလအတွင်း ကိုရီးယားနိုင်ငံသို့ လုပ်သား ၉၀၀၀ ကျော်စေလွှတ်

0
218

၂၀၂၃ ခုနှစ်၏ (၁၁) လတာ ကာလအတွင်း ကိုရီးယားသမ္မတ နိုင်ငံသို့ EPS စနစ်ဖြင့် လုပ်သားဦးရေ ၉၀၀၀ ကျော်စေလွှတ်ထားကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ သိရသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအထိ လုပ်သား (၉၂၃၉) ဦး စေလွှတ်ခဲ့ပြီး ကုန်ထုတ်လုပ်သား ဦးရေ (၇၀၀၀) ကျော် ၊ ဆောက်လုပ်ရေးလုပ်သားဦးရေ (၂၀၀)ကျော်၊ စိုက်ပျိုးရေးလုပ်သားဦးရေ (၁၀၀၀) ကျော်ပါဝင်ကြောင်း သိရသည်။

” ကိုရီးယားကို သွားရောက်လုပ်ကိုင်မယ်ဆိုရင် ကိုရီးယားဘာသာအရည်အချင်းစစ် စာမေးပွဲဖြေရပါတယ်။ သတ်မှတ်ချက်တွေလည်းရှိပါတယ်။ စာမေးပွဲအောင်သွားရင်လည်း ပဏာမအဆင့် အနေနဲ့ ဆေးစစ်ရပါတယ်။ ပြီးတော့ အလုပ်လျှောက်လွှာ တင်သွင်းခွင့်ရသူတိုင်းလည်း အလုပ်ခေါ်စာရရှိလိမ့်မယ်လို့ အာမ မခံထားဘူး”ဟု အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာလုပ်သားစေလွှတ်မှုသည် စက်တင်ဘာလ နောက်ပိုင်းလျော့ကျခဲ့ရာ ပြီးခဲ့သည့်အောက်တိုဘာလအတွင်းတွင်လည်း မြန်မာလုပ်သားစေလွှတ်မှု (၂) ကြိမ်သာရှိခဲ့ပြီးလုပ်သားအရေအတွက် ၃၃၂ ဦးသာ စေလွှတ်မှုရှိခဲ့ကြောင်း သံရုံး၏ စာရင်းများအရ သိရသည်။

ထို့အပြင် ကိုရီးယားနိုင်င်ငံသို့ EPS စနစ်ဖြင့် လုပ်သားစေလွှတ်မှုအပြင် ရာသီချိန်အလုပ်သမား စေလွှတ်ခွင့်ပြုရန် လာရောက်တင်ပြထားသည့် ပြည်ပအလုပ်အကိုင်အကျိုးဆောင်အေဂျင်စီ (၁၁) ခုရှိကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here