တာချီလိတ်တွင် အမျိုးသားတစ်ဦး ဆိုင်ကယ်ဖြင့် ဓာတ်တိုင်ကို ဝင်တိုက်မိရာမှ ‌ေ-သဆုံး

0
280

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အမျိုးသား တစ်ဦးသည် ဆိုင်ကယ်မောင်းနှင်လာရာမှ အရှိန်လွန်ပြီး ဓာတ်တိုင်ကို ဝင်တိုက်မိခဲ့သည့်အတွက် နေရာ၌ပင် ‌ေ-သဆုံးသွားခဲ့ကြောင်း ဦးလှမိုး တာချီလိတ်လူမှုကူညီရေးအသင်းမှ သိရသည်။

ယနေ့ ဒီဇင်ဘာ (၄) ရက် နံနက်ပိုင်းက အမျိုးသား တစ်ဦး ဆိုင်ကယ် မတော်တဆ တိမ်းမှောက်မှု ဖြစ်ပွားကြောင်း ဒေသခံ တစ်ဦးမှ အသင်းသို့ အကြောင်းကြားခဲ့သည့်အတွက် သွားရောက် ကူညီခဲ့ခြင်းဖြစ်သည်။

“ဆိုင်ကယ် မတော်တဆမှုဖြစ်တယ်ဆိုပြီး ဒေသခံ တစ်ဦးက အကြောင်းကြားလို့ အသင်းက သွားရောက်ကူညီပေးခဲ့တာပါ။ အသက် (၃၀) ဝန်းကျင် အမျိုးသားတစ်ဦးပါ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ဆိုသည်။

ဖြစ်စဉ်နေရာ အရောက်တွင် ဓာတ်တိုင်အား ဆိုင်ကယ်ဖြင့်ဝင်တိုက်မိခဲ့သည့် အသက် (၃၀)ဝန်းကျင် အမျိုးသားမှာ ‌ေ-သဆုံးနေပြီဖြစ်သည့်အတွက် ‌ေ-သဆုံးသူ၏ ရုပ်အလော-င်းအား တာချီလိတ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here