ကလေးမွေးဖွားနှုန်းကျဆင်းမှုကို အရေးယူဆောင်ရွက်ရန် ကင်မ်ဂျုံအမ်း တောင်းဆို

0
150

ဆိုးလ်၊ဒီဇင်ဘာ ၄

မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျုံအမ်းသည်နိုင်ငံ၏ကလေးမွေးဖွားနှုန်းကျဆင်းလာမှုကို ကိုင်တွယ်ဖြေရှင်းရန် ကြိုးပမ်းမှုများပြုလုပ်ဖို့တောင်းဆိုခဲ့ပြီး အဆိုပါစိန်ခေါ်မှုကို ပြည်သူတိုင်းနှင့်သက်ဆိုင်သည့်ကိစ္စအဖြစ်ဖော်ပြခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က ဒီဇင်ဘာ ၄ ရက်တွင်ဖော်ပြခဲ့သည်။

တနင်္ဂနွေနေ့ကကျင်းပခဲ့သည့် ပြုံယမ်းရှိ မိခင်များပွဲတစ်ခုအတွင်း ကင်မ်က ယခု ကဲ့သို့ မှတ်ချက်ချခဲ့ခြင်းဖြစ်သည်။

“ကလေးမွေးဖွားနှုန်းကျဆင်းမှုကို တားဆီးဖို့ နဲ့ လိမ်မာရေးခြားရှိတဲ့ကလေးတွေအဖြစ်ကြီးပြင်းလာ‌အောင်ထိန်းကျောင်းပေးဖို့ဟာ မိခင် တွေနဲ့အတူ ကျွန်တော်တို့ဆောင်ရွက်ရမဲ့ တိုင်းရေး ပြည်ရေးကိစ္စတွေ ဖြစ်ပါတယ်” ဟုလည်း ကင်မ်ကအခမ်းအနားတွင်ပြောကြားခဲ့သည်။

တောင်ကိုရီးယားသည်လည်း ၎င်းနိုင်ငံ၏မွေးဖွားနှုန်းသည် ယမန်နှစ်ကထက် ၀ ဒသမ ၇၈ ရာခိုင်နှုန်းဖြင့် စံချိန်တင်နိမ့်ကျသွားချိန်တွင် ဂျပန်သည်လည်း ကလေးမွေးဖွားနှုန်းမှာ ၁ ဒသမ ၂၆ ရာခိုင်နှုန်းသို့ကျဆင်းသွားခဲ့ကြောင်းသိရသည်။

Source : ရိုက်တာ/ဒဗလျူကေ/အယ်လ်ကေ


LEAVE A REPLY

Please enter your comment!
Please enter your name here