အမရပူရမြို့နယ်တွင် စိတ်ကျန်းမာရေးချို့တဲ့နေသည့် အမျိုးသမီးငယ်တစ်ဦး ရေတွင်းထဲ ခုန်ချ ေ-သဆုံးမှုဖြစ်ပွား

0
215

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် စိတ်ကျန်းမာရေးချို့တဲ့နေသည့် အမျိုးသမီးငယ်တစ်ဦး ရေတွင်းထဲ ခုန်ချ ေ-သဆုံးမှု ယနေ့ ဒီဇင်ဘာ (၅) ရက် နံနက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်၊ ဝါးတန်းမြောက်ရပ်၌ အသက် (၂၀)ခန့် အရွယ် အမျိုးသမီးငယ်တစ်ဦးသည် ယနေ့ နံနက် ၄ နာရီ ၃၀ ခန့်က ရပ်ကွက်အတွင်းရှိ ရေတွင်းထဲခုန်ချသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ရပ်ကွက်ထဲကသူတွေပြောပုံအရ အဲ့ဒီ ကောင်မလေးက စိတ်ကျန်းမာရေးအနည်းငယ်ချို့တဲ့နေတယ်၊ ဒီမနက်မှာ လမ်းလျောက်ထွက်ရင်း ရပ်ကွက်ထဲက ရေတွင်းထဲ ခုန်ချသွားတယ်လို့ အကြောင်းကြားလာလို့ သွားရောက်ဆောင်ရွက်ခဲ့တာပါ” ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) မှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့် ရေတွင်းထဲခုန်ချသွားသည့် အမျိုးသမီးငယ်၏ ရုပ်အလောင်းအား အကူအညီ တောင်းခံချက်အရ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) မှ ရှာဖွေကယ်ဆယ်ရေး အဖွဲ့ဝင်များ သွားရောက်ဆယ်တင်ပေးခဲ့ပြီး မေတ္တာမြင့်မိုရ်အသင်း လူနာတင်ယာဉ်ဖြင့် အထွေထွေရောဂါကုဆေးရုံကြီး (မန္တလေး) သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း ကော်မတီ)


LEAVE A REPLY

Please enter your comment!
Please enter your name here