FIFA နှင့် MFF တို့ပူးပေါင်း၍ မြန်မာ ယူ ၁၇ လိဂ်ပြိုင်ပွဲကျင်းပမည်

0
178

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းစီစဉ်သည့် FIFA-MFF U17 League 2023 ပြိုင်ပွဲကို ယခုလ ၂၀၂၃ ဒီဇင်ဘာလ နောက်ဆုံးအပတ်အတွင်း ရန်ကုန်မြို့၌ ကျင်းပ ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

လူငယ်မျိုးဆက်သစ် ကစားသမားများ ထွက်‌ပေါ်လာရေး နှင့် မြန်မာ့လက်ရွေးစင် လူငယ်အသင်းများအား ထောက်ပံ့မှုဖြစ်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ယူ ၁၇ လိဂ်ပြိုင်ပွဲအား အသင်း(၁၀)သင်းဖြင့် ကျင်းပရန်လျာထားပြီး ပြိုင်ပွဲဝင်ကစားသမားများအား ၂၀၀၇ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အတွင်း ဖွားမြင်သူများကိုသာ ပါဝင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

အသင်းတစ်သင်းတွင် အုပ်ချုပ်မှုအဖွဲ့ဝင် အနည်းဆုံး(၆)ဦး မှ အများဆုံး (၁၅)ဦး၊ ကစားသမား အနည်းဆုံး (၂၃)ဦးမှ အများဆုံး (၃၀)ဦး မှတ်ပုံတင်ခွင့်ပြုမည်ဖြစ်ပြီး ပထမအကျော့၊ ဒုတိယအကျော့ ပွဲစဉ်များအား ပြိုင်ပွဲကျင်းပရေး စည်းမျဉ်းစည်းကမ်းများအတိုင်း ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

FIFA-MFF U17 League 2023 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်လိုသော အသင်းများ အနေဖြင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သို့ လာ‌ရောက်ဆက်သွယ်နိုင်ပြီး [email protected] နှင့်
ဖုန်းနံပါတ် 09769900600 သို့ဆက်သွယ်၍ စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။

FIFA နှင့် MFF တို့ပူးပေါင်း၍ မြန်မာ ယူ ၁၅ လိဂ်ကိုလည်း ယခုနှစ် ဇွန်လ ၂၄ ရက်မှစ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ မန္တလေးမြို့ (အထက်မြန်မာပြည်ဇုန်)နှင့် ရန်ကုန်မြို့ (အောက်မြန်မာပြည်ဇုန်)တိုတွင် ကျင်းပခဲ့ကာ ပြိုင်ပွဲဝင် အသင်းပေါင်း ၂၁ သင်းပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး အောင်မြင်မှုရရှိခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here