လှည်းကူး-ဖောင်ကြီးလမ်းတွင် ယာဉ် (၃) စီး ဆင့်တိုက်မှုကာ လူ(၁)ဦး ညပ် နေသည့်အတွက် ကယ်ထုတ်ခဲ့ရ

0
226

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ စခန်းကြီးကျေးရွာ၊ လှည်းကူး-ဖောင်ကြီးလမ်းတွင် ယာဉ် (၃) စီး ဆင့်တိုက်မှုဖြစ်ပွားခဲ့‌ကြောင်း လှည်းကူးမြို့နယ် မီးသတ်စခန်းမှ သိရသည်။

လှည်းကူး-ဖောင်ကြီးလမ်းတွင် ယနေ့ ဒီဇင်ဘာ (၅) ရက် နံနက် (၈) နာရီ အချိန်ခန့်က ယာဉ် (၃) စီး ဆင့်တိုက်မှုဖြစ်ပွားပြီး လူ (၁) ဦး ညပ်နေကြောင်း သတင်းအရ လှည်းကူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီးဖြင့် ထွက်ခွာကူညီခဲ့ရခြင်းဖြစ်သည်။

အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်မှ ညပ်နေသူ (၁) ဦးကို နံနက် (၈) နာရီ (၈) မိနစ်အချိန်တွင် မီးသတ်တပ်ဖွဲ့မှ ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here