MNL-2023 ပွဲစဉ် (၂၁) တွင် အသင်းလေးသင်းယှဉ်ပြိုင်ကစား၊ အကောင်းဆုံးကစားသမားဆု တိုက်စစ်မှူးတစ်ဦးနှင့် ကွင်းလယ်ကစားသမားတို့ရရှိ

0
307

မြန်မာနေရှင်နယ်လိဂ် ၂၀၂၃ (Myanmar National League 2023) ပွဲစဉ် (၂၁) ကို ဒီဇင်ဘာ(၄)ရက် ညနေပိုင်းကရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတွင် ပွဲစဉ်အလိုက် အသင်းလေးသင်းယှဉ်ပြိုင်ကစားခဲ့ကြသည်။

ယှဉ်ပြိုင်ကစားရာတွင် မြဝတီအသင်း နှင့် မဟာယူနိုက်တက်အသင်းတို့က ပွဲစဉ်တစ်ခုအဖြစ် လည်းကောင်း၊ ရှမ်းယူနိုက်တက်နှင့် ရတနာပုံအသင်းတို့က ပွဲစဥ်တစ်ခုအဖြစ်လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်သည်။

မြဝတီအသင်း နှင့် မဟာယူနိုက်တက်အသင်းပွဲစဉ်တွင် မြဝတီအသင်းက လေးဂိုး နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ယင်း ပွဲစဉ်အပြီးတွင် AYA Pay Man of the Match အကောင်းဆုံးကစားသမားဆုကို မြဝတီအသင်းမှ တိုက်စစ်မှူး နိုင်ဇင်ထက်က ရရှိခဲ့ပြီး၊ ဆုတံဆိပ်နှင့် ငွေသုံးသိန်းကျပ် ချီးမြှင့်ခံခဲ့ရသည်။

နိုင်ဇင်ထက်သည် ယခုနှစ်ဘောလုံးရာသီတွင် အကောင်းဆုံးကစားသမားဆုကို ဒုတိယအကြိမ် ထပ်မံရရှိခဲ့ခြင်း ဖြစ်သည်။

အလားတူ ရှမ်းယူနိုက်တက်နှင့် ရတနာပုံအသင်းပွဲစဉ်တွင် ရှမ်းယူနိုက်တက်အသင်းက သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ထိုပွဲစဉ်တွင် AYA Pay Man of the Match ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုကို ရှမ်းယူနိုက်တက်အသင်းကွင်းလယ်လူ မာ့ဆာကီက ရရှိခဲ့ပြီး၊ ဆုတံဆိပ်နှင့် ကျပ်ငွေသုံးသိန်း ချီး မြှင့်ခံရသည်။

အဆိုပါ Man of the Match အကောင်းဆုံးကစားသမားဆုချီးမြှင့်ခြင်း အစီအ စဉ်ကို မြန်မာနေရှင်နယ်လိဂ်၏ Suppor -ting Partner ဖြစ်သည့် AYA Pay မှ အဓိ က ပံ့ပိုးကူညီပေးထားခြင်းလည်းဖြစ် သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here