လမ်းပိုင်း အဆင့်မြှင့်တင်မှုများပြုလုပ်နေသည့်အတွက် ရန်ကုန် – မန္တလေး ရထားခရီးစဉ်များ အချိန်ပြောင်းလဲပြေးဆွဲ

0
177

ရန်ကုန် – မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများပြုလုပ်နေသည့်အတွက် ယင်းလမ်းပိုင်းတွင်ပြေးဆွဲနေသည့်ရထားခရီးစဉ်များ၏ အချိန်များကို ပြောင်းလဲပြေးဆွဲပေးနေကြောင်း မြန်မာ့မီးရထားမှ သိရသည်။

“အချိန်ပြောင်းပြေးဆွဲတာက ဒီဇင်ဘာ (၁) ရက်ကနေစတာပေါ့။ လက်ရှိမှာလည်း ရန်ကုန် – မန္တလေးရထားလမ်းပိုင်း အဆင့်မြှင့်တင်ပြုပြင်နေတာတွေ လုပ်နေတော့ အချိန်ကြန့်ကြာမှုတွေမရှိအောင် မူလထွက်ခွာချိန်ထက် အချိန် (၁၅) မိနစ်လောက်ခွာပြီး ပြောင်းလဲပြေးဆွဲပေးတာဖြစ်ပါတယ်”ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြောင်းလဲပြေးဆွဲ‌မှုအရ အမှတ် (၅) အဆန် လေအိတ်အမြန်ရထားသည် ရန်ကုန်မှ မန္တလေးသို့ ညနေ (၃) နာရီခွဲ အချိန်တွင် စတင်ထွက်ခွာမည်ဖြစ်ပြီး အမှတ် (၆) အစုန် လေအိတ်အမြန်ရထားသည် မန္တလေးမှ ရန်ကုန်သို့ ညနေ (၃) နာရီခွဲအချိန်တွင် စတင်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

အလားတူ အမှတ် (၃) အဆန် အမြန်ရထားသည် ရန်ကုန်မှ မန္တလေးသို့ ညနေ (၄) နာရီ (၄၅) မိနစ်တွင်စတင်ထွက်ခွာပြီး အမှတ် (၄) အစုန် အမြန်ရထားသည် မန္တလေးမှ ရန်ကုန်သို့ ညနေ (၅) နာရီတွင် စတင်ထွက်ခွာမည်ဖြစ်သည်။

ထို့ပြင် အမှတ် (၁) အဆန် လော်ကယ်ရထားသည် ရန်ကုန်မှ မန္တလေးသို့ ည (၉) နာရီအချိန်တွင် စတင်ထွက်ခွာပြီး အမှတ် (၂) အစုန် လော်ကယ်ရထားသည် မန္တလေးမှ ရန်ကုန်သို့ ညနေ (၅) နာရီခွဲအချိန်တွင်စတင်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန် – မန္တလေးရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုတွင် ဘူတာရုံများ၊ အချက်ပြစနစ်များ၊ ရထားလမ်းကူး ဂိတ်များကို တစ်ပြိုင်တည်းအဆင့်မြှင့်တင်နေပြီး မီးရထားလက်မှတ်များကို အွန်လိုင်းစနစ်ဖြင့် ဝယ်ယူနိုင်ရန် ပြင်ဆင်နေကြောင်းလည်း သိရသည်။

ရန်ကုန် – မန္တလေး ရထားလမ်းအဆင့် မြှင့်တင်ရေးစီမံကိန်းအတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA မှ ချေးငွေ အမေရိကန် ဒေါ်လာ၂ ဒသမ ရဘီလီယံသုံးစွဲကာ ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ် အထိ ငါးနှစ်စီမံကိန်းအဖြစ် သတ်မှတ်လုပ်ဆောင်နေခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here