ဆန်အပါအဝင် ပို့ကုန်အမယ်အချို့အတွက် ပို့ကုန်ရငွေ ၇၀ ရာခိုင်နှုန်း သုံးစွဲခွင့်ပေးရန် ဆောင်ရွက်နေ

0
151

နိုင်ငံအတွင်း စိုက်ပျိုးထွက်ရှိသည့် အဓိကပို့ကုန် ဆန်၊ ပြောင်း၊ ပဲနှင့် ထွက်ကုန်များ ပြည်ပသို့ တင်ပို့ရောင်းချခြင်းမှ ပြန်လည်ရရှိသည့် ပို့ကုန်ရငွေ၏ ၇၀ ရာခိုင်နှုန်းအထိ Exporter များအား သုံးစွဲခွင့်ပြုရေး လျာထားဆောင်ရွက်လျက်ရှိကြောင်း နစက ဥက္ကဋ္ဌ ၏ ပြောကြားချက်အရ သိရသည်။

“အဲဒီရငွေမှ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများနှင့် MSME လုပ်ငန်းများအတွက် လိုအပ်သည့် အခြေခံသွင်းအားစုများ တိုက်ရိုက်တင်သွင်းနိုင်ရေး ဆောင်ရွက်၍ စီးပွားရေးမြှင့်တင်ရမည်ဖြစ်သည်”ဟု ဆိုသည်။

ယခုအခါ စိုက်ပျိုးမွေးမြူရေးအတွက် အဓိကသွင်းကုန်ဖြစ်သည့် ဓာတ်မြေဩဇာနှင့် အခြားလိုအပ်ချက်များလွယ်ကူစွာ တင်သွင်းနိုင်ရေးအတွက် ရော်ဘာလုပ်ငန်းရှင်များအား ပို့ကုန်ရငွေ၏ ၇၀ ရာခိုင်နှုန်းအထိ သုံးစွဲခွင့်ပေးထားကြောင်း သိရသည်။

ယခုအချိန်တွင် Export လုပ်ကိုင်သူများက အနစ်နာခံ၍ ဆောင်ရွက်နေသော်လည်း Import သမားများကသာ အကျိုးခံစားနေရသည်ဆိုသည့် တင်ပြချက်များရှိနေသဖြင့် အဆိုပါ ကိစ္စရပ်များကိုလည်း တတ်နိုင်သမျှ ဖြေလျှော့ပေးရန် ကြိုးပမ်းနေကြောင်း သိရသည်။

ကုန်ထုတ်လုပ်မှု အားနည်းချက်သည် သွင်းအားစုများ ဈေးကြီးမြင့်ခြင်းကြောင့်ဟု သုံးသပ်ချက်များ ရှိနေသော်လည်း အဓိကအားဖြင့် အကျိုးအမြတ်ရရှိမှုအပေါ် မူတည်၍ ကုန်ထုတ်လုပ်ငန်းအပေါ် စိတ်ဝင်စားမှုအားနည်းလျက်ရှိကြောင်း သိရသည်။

Non -Trade Income များ ပိုမိုရရှိအောင် ကြိုးပမ်းနိုင်မည်ဆိုပါက ကုန်သွယ်မှုအပေါ်မီခိုမှုကို လျှော့ချနိုင်မည်ဖြစ်၍ တတ်နိုင်သမျှကြိုးပမ်းဆောင်ရွက်နေကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here