အိမ်နီးချင်း နိုင်ငံများနှင့် တိုက်ရိုက်ငွေပေးချေမှုများမှ အကျိုးဖြစ်ထွန်းမှုရှိဟု နစက ဥက္ကဋ္ဌ ပြော

0
178

အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှုများ ဆောင်ရွက်ရာတွင် တိုက်ရိုက်ငွေပေးချေမှုများကို ဆောင်ရွက်ခဲ့ရာ အကျိုးဖြစ်ထွန်းမှုရှိသည်ကို တွေ့ရဟု နစက ဥက္ကဋ္ဌက ယမန်နေ့က နေပြည်တော်တွင်ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့သည်။

Border Trade ကို အားပေးဆောင်ရွက်သကဲ့သို့ Normal Trade များ တိုးတက်ရေးအတွက်လည်း ဆောင်ရွက်ကြရန်လိုပြီး ငွေကြေးလည်ပတ်မှုများ ကောင်းမွန်စေရေး အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရန်လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။

မိမိတို့အနေဖြင့် နိုင်ငံခြားငွေရရှိရေးအတွက် ပြည်ပသို့ ပို့ကုန် (Export)တိုးမြှင့်နိုင်ရန်လိုအပ်ပြီး ထို့သို့ဆောင်ရွက်နိုင်ရန် ပြည်တွင်းကုန်ထုတ်လုပ်မှုများ တိုးတက်အောင် ဆောင်ရွက်ရမည်ဟုလည်း ဆက်လက်ပြောကြားသည်။

ထို့ကြောင့် အကျိုးအမြတ်များ နည်းပါးသော်လည်း ဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းများအားလုံး လည်ပတ်စေရေးအတွက် တာဝန်ရှိသူများအနေဖြင့် တွန်းတွန်းတိုက်တိုက် ဆောင်ရွက်ကြစေလိုကြောင်း နစကဥက္ကဋ္ဌက တိုက်တွန်းထားသည်။

မိမိတို့ အစိုးရအနေဖြင့် နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်ချိန်၌ ပြည်ပပို့ကုန်များနှင့်ပတ်သက်၍ ဝင်ငွေအပေါ် သင့်လျော်သည့် အချိုးများဖြင့် ထိန်းသိမ်းဆောင်ရွက်ပေးခဲ့ခြင်းကြောင့် ပြည်တွင်း၌ စက်သုံးဆီ၊ စားသုံးဆီဈေးနှုန်းများကို ထိန်းသိမ်းနိုင်ခဲ့သည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

သို့သော် စားသုံးဆီဈေးများကြီးမြင့်အောင် ဆောင်ရွက်ခဲ့မှုကြောင့် အဆိုပါလုပ်ဆောင်ခဲ့သူများကို ဥပဒေနှင့်အညီ ထိရောက်သည့် ပြစ်ဒဏ်များချမှတ်ဆောင်ရွက်ခဲ့ကြောင်း နစကဥက္ကဋ္ဌက ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here