ကော့ကရိတ်တိုက်ပွဲကြောင့် မြဝတီမြို့သို့ ယနေ့အချိန်အထိ အတက်ကားများ ဝင်ရောက်ခြင်းမရှိသေးဟု ဆို

0
199

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တိုက်ပွဲကြောင့် ယနေ့ ဒီဇင်ဘာ (၅)ရက်နေ့အထိ မြဝတီမြို့သို့ ဝင်ရောက်လာသော ကားများမရှိသေးကြောင်း DKBA ဆက်ဆံရေးရုံးတာဝန်ခံတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ပြောသည်။

“မြဝတီမြို့ပေါ်မှာတော့ အေးအေးဆေးအေးပါဘဲ။ ကော့ကရိတ်မှာတော့ ဖြစ်သံကြားနေတယ်။ ကျွန်တော်လည်းမသိရဘူး။ကုန်သွယ်ရေးကားတွေတော့အခုထိတော့တက်လာတာမတွေ့သေးဘူးဗျ” ဟု ဆိုသည်။

ဒီဇင်ဘာ (၁)ရက်နေ့ ဝန်းကျင်က ဖြစ်ပွားခဲ့သော ကော့ကရိတ်မြို့တိုက်ပွဲကြောင့် မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် သွားလာ‌နေသော ကုန်တင်ယာဉ်များ တိုက်ပွဲကြား ပိတ်မိနေသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

သို့သော် ယနေ့ အချိန်အထိ အဆိုပါ လမ်းမကြီးပေါ်သို့ မောင်းနှင်ဖြတ်သန်းမသွားရဲကြဘဲ၊ ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့မှတဆင့် ထိုင်းနိုင်ငံသို့ ကုန်စည်ပို့ဆောင်မှုများ ဆက်လက်ရပ်တန့်နေသေးကြောင်း သိရသည်။

ပုံစာ – ယနေ့ မြဝတီ – ကော့ကရိတ် အာရှလမ်း မြင်ကွင်း

Photo Credit


LEAVE A REPLY

Please enter your comment!
Please enter your name here