ကျိုင်းတုံမြို့နယ် လွိုင်မွေအတက်လမ်း ငါးကန်ဟောင်းတွင် အမျိုးသား (၁)ဦး ရေနစ် သေဆုံး

0
159

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ လွိုင်မွေအတက်လမ်း၊ ငါးကန်ဟောင်းတွင် အမျိုးသား (၁)ဦး ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ကျိုင်းတုံမြို့နယ် မီးသတ်စခန်းမှ သိရသည်။

ဒီဇင်ဘာ (၅) ရက် နေ့လယ် (၁) နာရီ (၂၁) မိနစ်အချိန်ခန့်က ကျိုင်းတုံမြို့နယ်၊ လွိုင်မွေအတက်လမ်း၊ ငါးကန်ဟောင်းတွင် အမျိုးသား (၁) ဦး ရေနစ်ကြောင်း သတင်းအရ ကျိုင်းတုံမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကယ်ဆယ်ရေး ထွက်ခွာလုပ်ဆောင်ခဲ့ရာ ရေနစ်သူအား (၁) နာရီကျော် ရှာဖွေခဲ့ရပြီးနောက် နေ့လည် (၂)နာရီ၊ (၅) မိနစ်အချိန်တွင် သေဆုံးအနေထားဖြင့် ရုပ်အလောင်းအား ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးသူ အမျိုးသား၏ ရုပ်အလောင်းအား တိုင်းနေနာရေးကူညီမှုအသင်းယာဉ်ဖြင့် ကျိုင်းတုံပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here