ထိုင်းမိုးလေဝသ သတိပေးချက်ထုတ်ပြန်

0
187

ထိုင်းမိုးလေဝသဌာနမှ ဒီဇင်ဘာ ၅ ရက်နှင့် ၆ ရက်နေ့များအတွက် မိုးလေဝသခန့်မှန်းချက်အားထုတ်ပြန်ခဲ့ကြောင်းသိရသည်။ယင်းထုတ်ပြန်ချက်တွင် နိုင်ငံအထက်ပိုင်းရှိ လေဖိအားနည်းရပ်ဝန်းသည် အပူချိန် ၁ ဒီဂရီစင်တီဂရိတ်မှ ၂ ဒီဂရီစင်တီဂရိတ်အထိတိုးမြှင့်လာမှုကြောင့် အားနည်းသွားပြီး တိမ်ထူထပ်မှုရှိနေနိုင်သေးသည်ဟုဆိုသည်။

သို့သော်လည်း အရှေ့အရပ်မှတိုက်ခတ်လာသောလေကြောင့် တောင်တရုတ်ပင်လယ်နှင့်ပယ်လယ်ကွေ့တို့မှအစိုဓာတ်များပါဝင်လာနေသေးသဖြင့် နိုင်ငံအထက်ပိုင်း၌ နေရာကွက်ကျားမိုးရွာသွန်းနိုင်သေးကြောင်းလည်းထည့်သွင်းညွှန်ကြားထားသည်။

ဒီဇင်ဘာလ (၇) ရက်နေ့မှ (၉) ရက်နေ့အတွင်း တရုတ်မှလေဖိအားနည်းရပ်ဝန်းသည် ထိုင်းနိုင်ငံအရှေ့မြောက်ဘက်နှင့် တောင်တရုတ်ပင်လယ်ပြင်တို့တွင်အားကောင်းနေသဖြင့် အပူချိန် ၁ မှ ၃ ဒီဂရီစင်တီဂရိတ်အထိလျော့နည်းမည်ဟုလည်းသိရသည်။

ဘန်ကောက်အပါအဝင် ၎င်းအနီးပတ်ဝန်းကျင်ဒေသများနှင့် နိုင်ငံမြောက်ပိုင်း၊အလယ်ပိုင်းနှင့်အရှေ့ပိုင်းတို့တွင်မူ နေရာကွက်ကျားမိုးရွာနိုင်သည်ဟုလည်းဆိုထားသည်။

တောင်ပိုင်းဒေသရှိပြည်သူများအနေဖြင့် မိုးသည်းထန်စွာရွာသွန်းနိုင်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်သည်ကိုသတိပြုသင့်သည်ဟုလည်းသတိပေးထားသည်။ယခုကာလတစ်လျှောက်လုံး မိုးထစ်ချုန်းရွာနိုင်သဖြင့် သင်္ဘောများအားလုံးသည်လည်း သတိဖြင့်ဆက်လက်ဆောင်ရွက်ရန်လိုအပ်သည်ဟုဆိုထားသည်။

Source : Khasod English


LEAVE A REPLY

Please enter your comment!
Please enter your name here